သားရွှေဥ .....34
အပိုင်း-၃၄
" ဟဲ့ မိကွက် ညည်းလင်ကညည်းအိမ်နားမှာပြန်ရောက်နေပြီဆို..."
ခင်စိန်ကြီးနဲ့တွေ့တာနဲ့ဆီးပြီးမေးလို့...
" သတင်းကမြန်လိုက်တာ...သူ့အကြောင်းမပြောစမ်းပါနဲ့..."
" ဘယ်လိုတွေဖြစ်ရတာလဲ.. လင်ပြန်လာလို့ပျော်နေမယ်ထင်တာ..."
" ကျုပ်ကဘာကိစ္စပျော်ရမှာလဲ...
သူမရှိတော့ကော ဘာဖြစ်လဲ ကျုပ်ဟာကျုပ်နေထိုင်
စားသောက်နိုင်တာပဲဟာ...အပိုတွေလုပ်လို့.."" အရင်ကတော့ ညည်းပဲကျောင်းဆရာဂုန္တောအနန္တော
လုပ်နေပြီး အခုမှဘာဖြစ်နေတာလဲ အေ့..."
" ဘာကို ကျောင်းဆရာဂုန္တောလဲ သူကကျုပ်ကိုဘာကျေးဇူးရှိတာမို့လဲ..."အမလေး ဒီကောင်မနှယ် မသိတာမှတ်လို့။
" ကျောင်းဆရာအသစ်နဲ့ တွဲသွားတွဲလာလုပ်နေလို့...
ညည်းလင်ကိုစိတ်ဆိုးနေတာမှတ်လား.."" ဟာ ဒီခင်စိန်မကြီးကလည်း အလုပ်လုပ်ဖို့လာတာ
ကို လင်အကြောင်းသားအကြောင်းပဲပြောပြန်ပြီ..."" ညည်းကိုခင်လို့သာပြောတာပါအေ...
ဘာပဲဖြစ်ဖြစ်သူကအတိတ်မေ့နေတာလေ...အဲ့တာကလည်း ညည်းကြောင့်ပဲကို...
ပြန်လာရင်တော့ ကောင်းကောင်းမွန်မွန်ပြန်ခေါ်ထား
လိုက်ပေါ့၊ တော်ကြာသူများနောက်ပါသွား ဘယ်နှယ့်
လုပ်မလဲ.."" ကျုပ်က ဘာပူရမှာလဲ..၊ ယူချင်ယူပါစေပေါ့
တစ်နေ့ရွှေတစ်လုံး ဥ ပေးနေတဲ့ ဘဲငန်းမို့လို့လား.."ဒီကောင်မပြောရခက်လိုက်တာ...
လူပုံကလည်းမိန်းမမဆန်ဘူး၊ လူကလည်းမိန်းမမာယာကိုနားမလည်ဘူး။ကွက်စိတ်ထဲမှာတော့ ကျောင်းဆရာမနဲ့တွဲသွားတဲ့ပုံရိပ်ကိုမထုတ်နိုင်သလို၊ ဆရာဝန်တွေပြောတဲ့...
အရင်တည်းက သူအရမ်းစိတ်ပင်ပန်းခဲ့လို့ ဒီလိုမေ့သွားတာဆိုတဲ့စကားကြီးကိုလည်း အမြဲသတိရပေပြီး...
သူအခုပြန်လာတာကလည်း သားကြောင့်ပဲဆိုတာကို
နားလည်ပါသည်။
ဘယ်လိုပဲလင်မယားဖြစ်ခဲ့ေပမယ့် ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကို ကွက်ဆွဲမထားချင်တော့ပါဘူး။အရင်ကတစ်ယောက်ထဲတောင်နေလာသေးတာပဲ
အခုကွက်မှာ သားလေးရှိတယ်...ရပြီပေါ့။
သူကိုတော့ ဌက်တွေလိုပဲ ကျုပ်ဆီမှာဆောင်းခဏခိုသွားတယ်လို့ပဲ မှတ်လိုက်ပါ့မယ်။
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...