Chapter 19 Uni&Zaw

9.2K 428 31
                                    

သားရွှေဥ .....19

                       အပိုင်း-၁၉

အမြဲတမ်းလိုလိုစွပ်ကျယ်မဟုတ်ရင်ရှပ်အကျီအကွက်နဲ့သာတွေ့ရတတ်သောကွက်ကို ဗိုက်ဖုံးအကျီကြီးနဲ့မြင်ရသောအခါ ပြုံးစိစိဖြစ်ကုန်ကြပြီး..
" ကွက်ရေ လှတယ်ဟေ့..."

" ကျုပ်ကမဝတ်ချင်ပါဘူး၊ အိမ်ကလူကဝယ်လာပြီး
ဝတ်ခိုင်းလို့..."
" အံမယ် ကျောင်းဆရာတို့ကအားကိုးရသား...
ကျုပ်ဖြင့်ခလေးသာ၃ယောက်မွေးတာ တစ်ခါမှဝယ်မပေးပေါင်တော်..."

ဒီလိုဆိုတော့ဇီးကွက်တို့က ကြိတ်သဘောကြနေတာပေါ့။
ကွက်နဲ့သူ့ယောက္ခမဒေါ်ဌေးကြွယ်ကတစက်မှသာမတည့်တာ၊ နှစ်ယောက်စလုံးကအမြှောက်အပင့်ဆိုတအားကြိုက်..

ကွက်ဆီကပိုက်ဆံချေးချင်‌ရင်တော့အရင်ဆုံးမြှောက်ပင့်သာပေးလိုက်တော့ပဲ။ အရင်ကဆိုသူ့ကိုဘယ်လိုမြှောက်ရမှန်းမသိတဲ့လူတွေတောင် အခုကြကွက်ကသူ့ယောက်ျားကိုချစ်မှန်းသိတော့၊ ကျောင်းဆရာနဲ့ပတ်သတ်တာသာမြှောက်ပေးရင်ရပြီလေ။
နောက်ကွယ်မှာသာဘောပြားမလို့ခေါ်ချင်ခေါ်ကြတာ
ရှေ့မှာတော့ ကွက်ရယ်...ကွယ်ရယ် နဲ့ပါးစပ်ကမချ။

ကျောင်းဆရာကကြအနေတည်လွန်းတယ်၊ စကားပြောရင်အေးဆေးပေမယ့်လည်း ဘယ်သူ့ကိုမှ
သိပ်အရောမဝင်တတ်ဘူး။

အရင်ကဆိုအိမ်မှာဟင်းထမင်းဆို ဗုံးပေါလအောချက်ပြုတ်တာ၊ ညဆိုကွက်နဲ့ဟိုကောင်တွေကအပြင်အလျှိလျှိထွက်ကြပြီး အိမ်မှာပြန်စားချင်လည်းစားတယ်၊မစားချင်လည်းမစားတတ်တော့ ဟင်းထမင်းတွေကနေ့တိုင်းအများကြီးကျန်တတ်သည်။

ကျောင်းဆရာရောက်လာပြီးမှ မနက်တိုင်းသွန်ရတဲ့ဟင်းထမင်းတွေကိုကြည့်ပြီး..
" ဒီအိမ်က ပလိုင်းပေါက်နဲ့ဖားကောက်နေသလိုပဲ"  တဲ့။
သူ့လိုနဂိုစေ့စပ်တဲ့လူကဒါကိုမြင်ရတာဘယ်လိုမှမနေနိုင်ဘူးထင်ပါရဲ့...။

ညဆိုသူမအိပ်ခင်အထိ ဘယ်သူတွေစားအုံးမလဲစောင့်သည်။ ပြီးရင်မနက်ကြသိုးနိုင်သောဟင်းများကိုတစ်ခါထဲထမင်းနဲ့နယ်ပြီး အပြင်မှာခွေးတွေကိုထွက်ကြွေးပစ်သည်။
အထားခံသောဟင်းများကိုမနက်ကြရင် အရီးကိုပြန်‌နွေးပေးပါဆိုပြီး ၊ဘယ်သူမှမစားရင်လည်းသူ့ဟာသူစားသည်။

သားရွှေဥ [Complete]Where stories live. Discover now