သားရွှေဥ .....8
အပိုင်း-၈
ရွှေဇီးကွက်ဆီသွားရပါမယ်ဆိုမှ အမေကလည်းသူ့ကို
မျက်စိဒေါက်ထောက်ကြည့်နေတော့ တစ်မနက်လုံး
မလစ်ပေ။နေ့လည်ခင်းမှာအမေကတရေးအိပ်တတ်တော့သူစိတ်ရှည်ရှည်နဲ့စောင့်နေရသည်။
အမေအိပ်သွားပြန်တော့လည်း တဖက်အိမ်မှာလူစုံတတ်စုံရှိနေ၍သူသွားလို့မဖြစ်သေး....
နေ့ခင်းဘက်သူတို့အိမ်ကရုပ်ရှင်ဖွင့်ထားရင်လမ်းထဲကလူတွေလည်းလာကြည့်တတ်တာကြောင့်..တော်ကြာရပ်ကွက်ထဲတစ်ခါထဲမောင်းခတ်ပြီးသားဖြစ်သွားလိမ့်မည်။
၂နာရီခွဲပြီး ၃နာရီထိုးခါနီးကျရင်အဲ့အိမ်ကကောင်လေးနှစ်ယောက်ကအပြင်ထွက်တတ်သည်။ အဲ့ကြရင်ဘာရုပ်ရှင်ဖွင့်သံမှလည်းမကြားရတော့ပါ။
သူ စောင့်ကြည့်နေရင်း သဲမောင်နဲ့ရဲအောင်တို့ကရုပ်ရှင်ပြီးလို့နှစ်လုံးထီရောင်းဖို့ထွက်သွားကြတော့သည်။
ကျောင်းဆရာလည်းတိတ်တိတ်ကလေးတဖက်အိမ်သို့ကူးလာရကာ.. အိမ်အဝင်မှာယပ်တောင်ကြီးကိုင်ပြီးအဘနဲ့စကားေပြာနေသောအဒေါ်ပြုံးကိုတွေ့တော့...
" အဒေါ်ဗျ.. "
" ဟယ် ဆရာလေးပါလား လာလေ..."
" ဟို မရွှေဇီးကွက်ရှိလား ဗျ ..."
" ရှိတယ် ခဏလေးစောင့်နော် ၊သွားခေါ်ပေးမယ်
ထိုင်လေ.."
" ဟုတ်ကဲ့..."
အဒေါ်ပြုံးကအပေါ်ထပ်တတ်သွားပြီး ခဏနေတော့
ပြန်ဆင်းလာကာ..
" ကွက် လာလိမ့်မယ်နော်..."
" ဟုတ်ကဲ့ခင်ဗျ..."
" နေကတအားပူတာပဲနော်.."
" ဟုတ်တယ်ဗျ.. အိမ်မှာလည်းတအားပူတာ
အပေါ်မှာနေရင်ပိုဆိုးတယ်.."
အဒေါ်ပြုံးကသူ့ကိုလှမ်းပြောနေရင်းနဲ့ အနားမှာမတ်တပ်ပန်ကာယူပြီးလာဖွင့်ပေးသဖြင့်သူအားနာရပြန်
သည်။
အခုမှရွှေဇီးကွက်တစ်ယောက်ကအိမ်ပေါ်ကနေဆင်းလာပါသည်၊ စွပ်ကျယ်လက်ပြတ်နဲ့ဘောင်းဘီရှည်ပွပွ
ကြီးဝတ်ကာ ဆံပင်တွေကခြသေ့်ခေါင်းလိုဖွာလန်နေ၍၊ ပါးစပ်ကိုလည်းမိုင်ကုန်ဖွင့်ကာသမ်းဝေ့ရင်းနဲ့
အနားကိုလျှောက်လာပါသည်။
" အင်း ကျောင်းဆရာရောက်နေတာလား.."
သူ့ရဲ့ခုံမှာခြေပစ်လက်ပစ်ဝင်ထိုင်ပြီးဇတ်ကိုဘယ်ညာချိုးလိုက်သေးသည်။ ပြီးမှ...
" ဘာကိစ္စရှိလို့လဲ..ကျောင်းဆရာ.."
" ကျွန်တော် ပြောစရာရှိလို့ပါ..."
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...
![သားရွှေဥ [Complete]](https://img.wattpad.com/cover/355266870-64-k731187.jpg)