Chapter 7 uni&zaw

6.9K 283 16
                                    

သားရွှေဥ .....7

                       အပိုင်း-၇

မနက်ကြမှရပ်ကွက်ထဲမှာ လူတွေဟိုနေရာတစ်စု၊ဒီနေရာတစ်စုနဲ့ ဘယ်သူ့အိမ်ကဘာပျောက်သေးလဲစပ်စုကြသည်။
လမ်းထဲကအဆော့သန်သောခလေးတစ်ချို့က မုန့်ဟင်းခါးဆိုင်ကခုံများကိုလမ်းထိပ်မှာသွားထားတာတို့၊ အိမ်‌‌ရှေ့ကမြောင်းကူးတံတားကိုတနေရာရွေ့ထားတာတို့၊ လမ်းထဲကဝါရင့်လူပျိုကြီးအိမ်ရှေ့မှာ (×××ဇာဘော်လီ)ဆိုတဲ့အပ်ချုပ်ဆိုင်ကဆိုင်းဘုတ်ကိုသွားချိတ်တာတို့၊ မုန့်ဆိုင်ကအပျိုကြီးအိမ်ရှေ့မှာဌက်
ပျောပင်သွားချထားတာတို့..
သမီးရည်းစားစုံတွဲတချို့ခိုးပြေးကြတာတို့ အစုံကြား
ရတော့သည်။

ကျောင်းဆရာမှာ ခွဲစိတ်ဒဏ်ရာကြောင့်ညဘက်ဆိုအကိုက်အခဲပျောက်ဆေးတွေသောက်နေရဆဲမို့..အိပ်ပျော်နေသဖြင့်ဘာဖြစ်သွားမှန်းမသိလိုက်ပေ။

မနက်ကြမှ ညကဘေးအိမ်ကိုသူခိုးကပ်တယ်လို့ပြော
သည်။
" ဟုတ်လား ဖမ်းမိလားအမေ..."
" သိပါဘူး မမိဘူးထင်တယ်..."

‌လူတွေကလည်းညကကျီးမနိုးပွဲဆိုတော့ သူတို့ဆော့
နေတယ်ထင်ပြီး ထမကြည့်ကြတာနေမယ်။
ကျီးမနိုးပွဲဆိုတာတောရွာဓလေ့ချစ်စရာကောင်းတဲ့ရိုးရာပျော်ပွဲတစ်ခုပါ။အရင်ကအပျော်သဘောနဲ့ဆော့ကစားကြပေမယ့် အခုတော့လူတွေကအကျင့်ပျက်လာကြပြီ။ လစ်ရင်အမှန်တကယ်ခိုးယူသွားကြသည်။
သို့သော် သူတို့အိမ်မှာတော့ခိုးစရာများများစားစားရှိတာမဟုတ်.....။
ရွှေဇီးကွက်တို့အိမ်ဆိုရင်တော့ ဖြစ်နိုင်ပါသည်၊ဒီလမ်း
ထဲမှာဒီအိမ်ကသာအတန်အသင့်ချမ်းသာတာမဟုတ်
လား။
ဘာတွေများပါသွားလဲ မသိဘူး။

>>>>>>>>
နောက်ရက် ကွက်ကအိမ်မှာနှစ်လုံးထီရောင်းနေတုန်း
....
" ဟိုမှာ ရဲအောင်နဲ့ မြင့်မောင်ရန်ဖြစ်နေကြလို့" တဲ့
ဆိုပြီးအိမ်ကိုလူလာပြောသောအခါ၊ ကွက်လည်းဝုန်းခနဲထပြီး ဆိုင်ကယ်နဲ့ဒုန်းစိုင်းသွားရတော့သည်။

ဘေး‌ကလူတွေဝင်ဆွဲလွဲထားတာကြောင့် ကွက်ရောက်သွားတော့ ရန်ပွဲကပြီးနေပြီ။
"  ရဲအောင် လာ..အိမ်ပြန်မယ်.."
သူ့ဆိုင်ကယ်ပေါ်တင်ပြီး ရဲအောင်ကိုအိမ်ခေါ်လာခဲ့သည်။အိမ်ရောက်ကာမှ...
" နှစ်လုံးသွားရောင်းတဲ့နင်က ဘယ်လိုလုပ်အဲ့ရောက်ပြီးအဲ့သူတောင်းစားနဲ့ကိုက်နေရတာလဲ ဟမ်..."

သားရွှေဥ [Complete]Where stories live. Discover now