Chapter 6 uni& zaw

7.3K 300 8
                                    

သားရွှေဥ .....6

                       အပိုင်း-၆

ဒီနေ့မနက်ပဲ‌‌ ရောင်နီနဲ့သူ့အဖေကခွဲစိတ်ခန်းဝင်ရမှာဖြစ်သည်။
" အဖေ သက်သာလာမှာမို့ ခဏအားတင်းထားနော်"
သူကအားပေးတော့ သူ့အဖေမျက်ရည်တွေဝဲနေတယ်
ဒီ့မတိုင်ခင်တုန်းက သားဆီကအသည်းကိုမယူချင်ပါဘူးလို့တဖွဖွညည်းနေခဲ့တာ...
" ကျွန်တော့်အသက်တောင်အဖေနဲ့အမေပေးထားတာပဲ.. ကျွန်တော်ကဒီဘဝမှာတင်အဖကျေးဇူးကိုဆပ်နိုင်တာကိုဝမ်းသာရမှာပါ...
စိတ်မကောင်းမဖြစ်ပဲ အလှုခံပါအဖေ...
ကျွန်တော် ဘာမှဖြစ်မှာမဟုတ်ပါဘူး..."

ငယ်ငယ်ကသူက စကားနည်း၊အနေအေးပြီးမိဘဆီလည်းသိပ်မကပ်ဘူး၊ အဖိုးရဲ့တုတ်ကောက်လေးလိုနေခဲ့သောသူမို့.. အဖိုး၊အဖွားနဲ့သိပ်မတည့်သောမိဘ‌တွေကသူ့ကိုသိပ်ပြီးမျှော်လင့်ချက်မထားကြပေ။
အကြာကြီးခွဲနေရရင်တောင် အစ်ကိုနဲ့အတူရှိနေတော့
သူ့ကိုသိပ်သတိမရကြဘူးပေါ့၊ သူကလည်းထိုနည်းတူပါပဲ။ မိဘရင်ခွင်ကိုသိပ်မတမ်းတ ..

" အစ်ကိုကလည်းအဝေးရောက်နေပေမယ့် ငွေကြေး
ထောက်ပံ့ပေးတယ်၊ အဖေ့သားနှစ်ယောက်လုံးက
အဖေကျန်းမာဖို့ပဲမျှော်လင့်နေတာ...
ပြန်ကျန်းမာအောင်နေပေးပါ... အဖိုးထက်ပိုအသက်ရှည်အောင်နေပေး..."

သူ့အမေကတော့ စိတ်ပုတီးတချောက်ချောက်နဲ့..

ဒီရက်အတွင်းအမေ့နားမှာကူဖို့ဝမ်းကွဲညီမလေးတစ်ယောက်ကိုခေါ်ထားရပြီး၊ လူနာညစောင့်ပေးဖို့ ရပ်ကွက်ထဲက နေ့စားအလုပ်သမားတစ်ယောက်ကိုဌားထားရသည်။

ခွဲခန်းထဲကကုတင်မှာလှဲနေရတဲ့အချိန်..လူပီပီသသအနည်းငယ်စိတ်လှုပ်ရှားမိပေမယ့် စိတ်ထဲဂဏန်းသခ်ျာတွေကိုရေတွက်ကြည့်လိုက်‌တော့ကြောက်စိတ်ပျောက်သွားသည်။ သူ ကဒေါသထွက်ရင်ဖြစ်စေ၊ စိတ်လှုပ်ရှားနေရင်ဖြစ်စေ ဂဏန်းသခ်ျာတွေကိုရေတွက်
လိုက်ရင် သူ့စိတ်ကအလိုလိုတည်ငြိမ်သွားကော။

မေ့ဆေးဆရာဝန်ကစတင်၍လှုပ်ရှားသည်။တစ်ခဏအတွင်းပင်အဆုတ်အတွင်းရှုသွင်းလိုက်တဲ့အီသာဓာတ်ငွေ့တွေကအလုပ်လုပ်စပြုလေတော့သည်။

သားရွှေဥ [Complete]Where stories live. Discover now