Chapter 18 Uni&Zaw

9.2K 412 39
                                    

သားရွှေဥ .....18

                       အပိုင်း-၁၈

ညကဖြစ်ဖြစ်ခြင်းမို့သိပ်မသိသာပေမယ့် မနက်ကြတော့သူ့လက်ခုံကတင်းပြီးယောင်လာခဲ့သည်။
ပြီးတော့ညကလည်း ရဲအောင်တစ်ယောက်ကတော်တော်နဲ့မငြိမ်ပဲမူးမူးရူးးရူးနဲ့အော်ဟစ်နေတာကြောင့်
တစ်အိမ်လုံးဘယ်သူကအိပ်မရပေ။
ယခုတော့ အိပ်ယာထနောက်ကျသဖြင့် ထမင်းချက်ဖို့
အချိန်မမှီတော့ပေ။

သူရေချိုးပြီးအပေါ်မှာအဝတ်အစားတတ်လဲနေတုန်း
ကွက်ကတရေးနိုးလာခဲ့သည်။
အိမ်ထောင်မကျခင်တုန်းကဆိုကွက်က ဒီအချိန်အိပ်မက်ကောင်းနေတုန်းရှိသေးသည်၊ စောစောနိုးတဲ့သူနဲ့ညားမှပဲ ကွက်ပါလိုက်နိုးရတဲ့အဖြစ်..

အခန်းထဲကိုပြတင်းပေါက်အလင်းရောင်ဖျော့ဖျော့က
တိုးဝင်နေသည်။
အိမ်ကလူကအမြဲတမ်းရေချိုးပြီးတတ်လာရင် အဲ့ပြတင်းပေါက်နားမှာကိုယ်တစ်စောင်းရပ်ပြီးအဝတ်လဲလေ့ရှိသည်။
ကိုယ့်ငါးချဉ်မို့ ကွက်ချဉ်တာတော့မဟုတ်ပေမယ့်
အဲ့လူကလေ တစ်နေ့လုံးမှာ ဒီတစ်ချိန်ကြည့်လို့အကောင်းဆုံးပဲ...
(ကွက် အဝတ်လဲရင်တော့အဲ့လူကဘယ်တော့မှမကြည့်ပါဘူး၊ သူ့ရှေ့လဲရင်တောင် မျက်နှာတစ်ဖက်လွှဲနေတဲ့လူဘုန်းကြီးလေ)

ဒီနေ့သူက‌ ကော်လံကတုံးအပြင်တိုက်ပုံအဖြူပါထပ်ဝတ်နေတာကြောင့်ကွက်ကခြင်ထောင်ဖွင့်ကြည့်ပြီး...
" ဘာလို့အဲ့တာကြီးဝတ်တာလဲ.."
" ဒီနေ့ကျောင်းကိုလူကြီးလာမှာ..."
" ဘယ်ကလူကြီးလဲ..."
" ပြောရင်မင်းသိမှာမို့လား..."
" မပြောလည်းနေပေါ့..."

" ဒီနေ့အိပ်ယာနိုးတာနောက်ကျလို့ ထမင်းမမှီတော့ဘူး..."
" လာပို့ရမှာလား.."
" မပို့နဲ့၊ လူကြီးကဘယ်အချိန်လာမယ်မှန်းမသိဘူး။
ကိုယ့်ဖာသာကြည့်စားလိုက်မယ်...
မင်း ကောင်လေးအတွက်တော့ကြည့်ပြီးထည့်ပေးလိုက်အုံး... "

" ခဏနေအုံး၊ ဝယ်ပေးလိုက်မယ်တစ်ခါထဲထည့်သွား"
" အချိန်မရတော့ဘူး၊ အခုသွားရမှာ..."
" ခဏစောင့် အစောကြီးရှိသေးတယ်..."

ကွက်ကအိပ်ယာထဲက‌နေဇိုးဇတ်နဲ့လှမ်းခုန်ထသောအခါ.
" ဟေ့ ဖြေးဖြေး..."
ကျောင်းဆရာတစ်ယောက်မျက်လုံးပြူးကာအော်‌သည်။
" သွားတာလာတာဖြေးဖြေးလုပ်ပါ၊ အရင်လိုဘီလူးသွားသွားမနေနဲ့..ကိုယ့်မှာခလေးရှိတာမမေ့နဲ့.."

သားရွှေဥ [Complete]Where stories live. Discover now