သားရွှေဥ .....30
အပိုင်း-၃၀
လက်ရှိနေတဲ့နေရာက ကျောင်းနဲ့အလှမ်းဝေးတာကြောင့်သတင်းရပ်ကွက်ကနောက်ကျသဖြင့်..အခုမှပဲသားချစ်လေး ကျောင်းတတ်နေမှန်းဒေါ်ဌေးကြွယ်ကြီးသိတော့သည်။
" အဲ့ဟာမက ပါးစပ်ကပြတ်တယ်လေးဘာလေးနဲ့
သူ့သားကိုဘာလို့ ဒီကျောင်းပို့ရတာလဲ...၊
ဒီဟာမသားအမိက ဘယ်လိုနည်းနဲ့ပဲရရလိုက်ပတ်သတ်နေတော့မှာပဲ..."" ဒါပေမယ့် ကျောင်းကပြည်သူပိုင်တဲ့ဥစ္စာ..
မထားနဲ့လို့လည်း တားလို့မှမရတာဗျာ.."
" တခြားကျောင်းတွေရှိပါရက်နဲ့၊ ပြီးတော့အဲ့ခလေးကအသက်ဘယ်လောက်ရှိသေးလို့လဲ..."အောင်ကိုဦးတစ်ယောက်လည်း အမေကတစ်မျိုး၊ ညီညီကတစ်မျိုးကြောင့် ကြားထဲမှာအတော်စိတ်ညစ်လာရသည်။
ညီညီကလည်း တစ်ချက်တစ်ချက်ကြထထပြီး ဟိုဒီမေးလို့ သူ့မှာ ဂျောင်ပိတ်မိပြီးနှလုံးရပ်မတတ်ဖြစ်ရသည်လေ။" တွေ့တော့ရော ဘာဖြစ်လဲအမေရာ..
ညီညီကမှမမှတ်မိတာ.."
" တော်ကြာမဟုတ်တာတွေကြားပြီး နင့်ညီစိတ်ဖောက်လာရင် ဘယ်လိုလုပ်မလဲ..."" ညီညီကရူးနေတာမှမဟုတ်တာဗျာ..
အကယ်၍ အမှန်အတိုင်းသိသွားတော့ကောဘာဖြစ်လဲ၊ အဲ့မိန်းမလုပ်ရက်တွေပါ ညီညီ့ကိုပြောပြလိုက်ပေါ့
ပညာတတ်တစ်ယောက်ပဲဗျာ၊
ကျွန်တော်တို့သူ့ကိုဘာလို့ပြန်ခေါ်ထားမှန်း နားလည်မှာပါ..."" ဟိုကခလေးဗန်းပြပြီးဆွဲထားမှာဆိုးလို့ပေါ့ ဟဲ့..."
" သူ့ခလေး မဟုတ်ဘူးလို့ပြောလိုက်ရင် ရတာပဲဗျ
တကယ်လည်းမဟုတ်ဘူးဆို..."" အေးလေ...ဒါတော့ဒါပေါ့...
ဒါပေမယ့် နင့်ညီကစိတ်ပျော့တော့ အရင်ကတောင်ပြောလို့ရခဲ့တာမဟုတ်ဘူး..."သူလည်းဒါကိုပဲစဉ်းစားမရတာ၊ ညီညီ့လိုပညာတတ်
တစ်ယောက်က ကိုယ့်ခလေးဟုတ်မဟုတ်ကိုလုံးဝမသိဘူးလား။ ဘယ်လိုလုပ်အဲ့လိုမိန်းမနဲ့နေပြီး ဒီခလေး
ကိုစောင့်ရှောက်ခဲ့ရတာလဲ...." ကျွန်တော်လည်းစဉ်းစားမရဘူးအမေ၊ ညီညီကဘာလို့အဲ့လိုလုပ်ခဲ့တာလဲ....
ဒါမှမဟုတ်ညီညီ့သားအရင်းဆိုရင်ကော..."
" ဘာ....ငါနင့်ကိုပြောတယ်မှတ်လား..
ဒီခလေးက ၇လနဲ့မွေးတာလို့..."
![](https://img.wattpad.com/cover/355266870-288-k243124.jpg)
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...