Chapter 24 Uni&Zaw

8.4K 407 21
                                    

သားရွှေဥ .....24

                       အပိုင်း-၂၄

တကူးကူး...တကူးကူး
သား‌ချစ်လေးမှာဒီထက်သေးသေးတုန်းက တကူးကူးစီးရတာကိုအရမ်းသဘောကြသည်။
အိမ်မှာအပေါ်ထက်အောက်ထပ် သူ့အတွက်ပုခက်လုပ်ပေးထားပါသော်လည်း လူကလှဲအိပ်နေပြီဆိုတာ
နဲ့ခြေသလုံးကိုဖက်ပြီး တကူးကူးစီးမယ်လုပ်တော့သည်။

" အဖေက ပု‌ဆိုးကြီးနဲ့လေကွာ၊ မင်းအမေနဲ့စီး
မင်းအမေနဲ့..."
ကွက်ပဲအစလုပ်ပေးတာကြောင့် ဒါမျိုးကြကွက်ဆီတွန်းပို့တတ်သည်။
" လာသားချစ်လေး...မေကြီးနဲ့စီးမယ်.."

ကွက်က ပက်လက်အိပ်နေရင်းက ဒူးထောင်ရင်းနေသူ့သားလေးကိုခြေဖမိုးပေါ်တင်ပြီး ခြေထောက်ကိုအကွေးအဆန့်လုပ်ပေးတော့ သား‌လေးမှာအမေ့ဒူးကို
ဖက်၍ အပေါ်မြောက်လိုက် အောက်ကျလိုက်ဖြစ်ကာ
တကူးကူးစီးရပေသည်။
" တကူးကူး တကူးကူး တို့သားအမိမြူး.."
" ဟိုဘက်က ချိုးအဖေကြီးမပါဘူး..."
ခစ်ခစ်....
သားလေးရဲ့ရယ်မောသံများသည်အိမ်တွင်း၌ဆည်းလည်းလေးများအလှဆင်ထားသကဲ့သို့
ဖြစ်သည်။

ဒါပေမယ့် သူတို့သားကလေးဟာ၄နှစ်ကိုကျော်လာတာနဲ့ မဟော်သဓာပုံဖမ်း၍ သူ့အဖေလမ်းကိုလိုက်လာခဲ့သည်။ အရာရာကိုစူးစမ်းသိချင်လာပြီး၊ပေပေရေရေဆော့ကစားခြင်းထက် အိမ်ထဲမှာနေပြီးပန်းချီပုံ‌ တွေ‌ေလျှာက်ဆွဲတာ၊ သူ့အဖေနဲ့စာရေးစာဖတ်သင်တာ.. ပုံပြင်နားထောင်တာ၊ တခြားသူတွေကိုဆရာလုပ်တာ... တကယ်ပုံစံတူအတုခိုးလာခဲ့သည်။

ကွက်က တကူးကူးစီးဖို့ခေါ်ရင်မစီးချင်တော့ပေ။
" သားကနောင်နှစ်ဆို ကျောင်းတတ်ရတော့မှာ..."
ပြောချင်တာ သူကခလေးမဟုတ်တော့ဘူးပေါ့။

ဖအေကလည်း သားဖြစ်သူကိုပုံသွင်းထားပုံက..
ဘိုကေညှပ်ပေး၊‌ခေါင်းကိုဆီအရွှဲသားနဲ့သပ်သပ်ရပ်ရပ်ဖီးလို့.. သနပ်ခါးပါးကွက်ကြားကို ညီပြီးဖုံနေအောင်လိမ်းပေးသည်။
မနက်အိပ်ယာထ မျက်နှာသစ်တာကစပြီး၊ ညအိပ်ယာဝင်ခါနီးဘုရားရှစ်ခိုးဖို့အထိ သူ့ပုံစံအတိုင်းဖြစ်အောင်သင်ပါသည်။

" ကျုပ်သားက မိန်းခလေးလည်းမဟုတ်ပဲနဲ့ ခင်ဗျားကလည်း..."
" ငါကကော မိန်းခလေးမို့လို့လား..."
" သွားပါပြီ ဒီပုံစံအတိုင်းဆို ကျောင်းဆရာနှစ်ယောက်အိမ်ရောက်နေတော့မှာပဲ..."

သားရွှေဥ [Complete]Where stories live. Discover now