သားရွှေဥ .....12
အပိုင်း-၁၂
ကျောင်းဆရာတစ်ယောက် သူ့အမေရဲ့ကြေးစည်သံကြားတော့မှအိပ်ယာကနေလန့်ဖြန့်ကာနိုးလာခဲ့သည်။
လူကနိုးပေမယ့်မျက်လုံးကမဖွင့်ချင်ဘူး...ညကတော်တော်နဲ့အိပ်မရဘူး၊ ရွှေဇီးကွက်နဲ့အဲ့လိုဖြစ်ခဲ့ပြီးတော့ လူကအတွေးများနေကာ၊ ခန္တာကိုယ်ကလည်းအပူငွေ့တရှိန်းရှိန်းထနေတော့ ပူလို့အိပ်မပျော်ပေ။ မနက်၃နာရီသံချောင်းခေါက်ပြီးမှသာမှေးခနဲအိပ်ပျော်သွားတာဖြစ်သည်။
ဒါပေမယ့် ကျောင်းမှာအလုပ်ရှိသေးတာကြောင့်အတင်းထရကာ၊ သူ့မျက်နှာပေါ်တစ်ခုခုလာအုပ်နေလို့ဖယ်ယူကြည့်တော့...
" ဒါဘာကြီးလဲ...."
အဝတ်စရှည်ရှည်တစ်ခုပဲ၊ ချိတ်တွေလည်းပါေတာ့ဘော်လီနဲ့တူသလိုလိုပေမယ့်၊ ပုခုံးကြိုးတော့မပါပေ။
အား ရွှေဇီးကွက်ရဲ့ဟာကြီးဖြစ်မယ်...သူလန့်ပြီးလွှင့်ပစ်လိုက်သည်၊
" ဘယ်လိုလုပ်ဒါကြီးကမျက်နှာပေါ်..."မဟုတ်ဘူးနော်၊ သူလုပ်တာမဟုတ်ဘူး...
ရွှေဇီးကွက်ကသူ့ဟာသူပူလို့ချွတ်ပြီးလွှင့်ပစ်ထားတာဖြစ်မယ်။သူကလည်းဒီနေ့မှပက်လက်အိပ်မိတာကိုး၊ ယောက်ျားလေးတွေကပုံမှန်အားဖြင့် ပက်လက်အိပ်ရတာကြိုက်တယ်လေ။ သူ့မှာဒီအိမ်ရောက်ကတည်းက
တစ်ဖက်ထဲစောင်းလှည့်အိပ်နေရတာ အကြောတောင်
ကပ်ချင်တယ်။ဆိုတော့မှ ညကကိစ္စတွေကချက်ချင်းခေါင်းထဲပြန်ရောက်လာလို့သူ ရွှေဇီးကွက်ကိုမရဲတရဲလှမ်းကြည့်လိုက်သည်။
(ကွက်ကကြိုးပါတဲ့ဘော်လီမျိုးဝတ်လေ့မရှိဘူး၊ လူပုံ
စံကကျားနေတာကြောင့်လားမသိ ရင်သားကလည်း
မကြီးတော့ ရင်စည်းကိုပဲအောက်ခံဝတ်ပြီး၊ များသော
အားဖြင့်လက်ပြတ်စွတ်ကျယ်နဲ့နေတတ်သည်။
တစ်ခါတစ်လေ ရှပ်အကျီအကွက်တွေဝတ်တယ်။
ခါးအောက်ကိုတော့ ဂျင်းဘောင်းဘီ၊ ပြောက်ကျားဘောင်းဘီလိုမျိုး အမြဲတမ်းဘောင်းဘီရှည်ပွယောင်းယောင်းကြီးတွေပဲဝတ်တယ်။လူကောင်ကသိပ်မကြီးဘူး၊ အသားကအညိုရောင်..
မပိန်လွန်း၊မဝလွန်းတဲ့ခန္တာကိုယ်မျိုး..
ဘယ်လိုပဲကြည့်ကြည့်သန်မာတယ်ဆိုတာကိုတန်းသိနိုင်ပါတယ်။
အရပ်ကတော့ သူ့လောက်မရှည်ဘူး၊ သူက၅ပေ၈ ဆို
ကွက်က ၅ပေ၊၄လောက်ရှိနိုင်တယ်။
ယောက်ျားကိုပုခုံးတန်းနိုင်တဲ့အနေအထားပဲ...
YOU ARE READING
သားရွှေဥ [Complete]
Romance" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘာလုပ်မှာလဲဗျ..." " ချစ်တီးတွေဆီကြွေးနဲ့သိမ်းခံရရင် ဘာလုပ်တတ်ကြသလဲ..." " ဗျာ...." သူအတည်ကြီးပြောနေတာလား။ " မင်းကကျွန်တော့်ကို.... ကျွန်တော့်က...