အပိုင်း ( ၁)
ရင်ခွင်ရိပ်မြုံအချိန်က မြန်မာသက္ကရာဇ် ၁၉၈၀ ခုနှစ်ဖြစ်သည်။
" သာဂရ " အမည်ရှိသည့် မြို့ငယ်လေးတစ်ခု.... ။
အိမ်ခြေပေါင်း ( ၁၀၀ )ကျော်လောက်သာရှိသော မြို့ငယ်လေးတစ်ခုပင် ဖြစ်သော်လည်း စည်စည်ကားကားရှိလှသည်။အချိန်ကာလအပိုင်းအခြားက ဗြိတိသျှတို့အုပ်စိုးမှုမှ အလုံးစုံမလွတ်မြောက်သေးသော အခြေအနေအပိုင်းအခြားမို့ ပုံကန်ထကြွမှုကင်းသော်လည်း အရေးအကြောင်းဆို ရရာလက်နက်စွဲကိုင်လို့ ရပ်ရွာအား ကာကွယ်မည့်လူများသာစုဝေးနေကြ၍ ရပ်ရွာငြိမ်းချမ်းသည်။
မြို့ငယ်လေးဆိုပေမယ့် အုပ်ချုပ်သူကောင်းမှုကြောင့် ထိုသေးငယ်သော ရပ်ကွက်လေးတွင် အခြေခံပညာအထက်တန်းကျောင်းကြီးတစ်ခုလည်းရှိသည်။
ထိုမြို့လေးကိုအမှီပြု၍ ကျောင်းနာမည်ကိုလည်း အ.ထ.က ( သာဂရ) ကျောင်းလို့ခေါ်တွင်စေခဲ့သည်။ မြို့ငယ်လေးအတွင်းမှ ရပ်ကွက်ငယ်လေးများ၊ရွာငယ်လေးများမှ ကလေးများသည် ထိုကျောင်းတော်ကြီးထံတွင်သာပညာသင်ဆည်းပူးကြ၏။
သို့ပေမယ့် ပညာရေးဟာ ဝမ်းစာရှာဖွေရေးလောက်အရေးမကြီးသည်ဟု အတွေးထင်သောမိဘများလည်းရှိသည်။ သူတို့၏ သားသမီးများမှာတော့ ပညာအစား ဝမ်းစာအတွက် အရွယ်နဲ့မလိုက်အောင် ရုန်းကန်နေသူလေးများပင်ဖြစ်သည်။ သာဂရမြို့လေးမှာတော့ မြန်မာပြည်မြေပုံထဲမှာမှ
သေးငယ်သော မြို့လေးတစ်ခု ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း၌ တည်ရှိလေသည်။
သမိုင်းတွင် 'ကေတုမတီ' မည်သော တောင်ငူမြို့ နှင့်လည်း အနည်းငယ်သာလှမ်းလေသည်။ယင်း 'သာဂရ' မြို့ငယ်လေးအတွင်းရှိ ရပ်ကွက်ငယ်လေး တွင်ဖြစ်သည်။ ထို ရပ်ကွက်လေး အမည်မှာ 'အင်ဒိုင်း' ဟုခေါ်သည့် ထူးဆန်းသော နာမည်လေးနှင့်အတူ ဖွံံ့ဖြိုးဆဲ ရပ်ကွက်လေးဆိုလဲမမှားပေ။ ရပ်ကွက်လေး၏ အနီးနား ဘေးပတ်ဝန်းကျင်တွင်လည်း ရွာငယ်ကလေးများရှိပြီး အလွယ်တကူ ဆိုင်ကယ်နှင့်ပင်သွားနိုင်သော
ခရီးအကွာအဝေး ရှိလေသည်။ လမ်းခရီးကအရမ်းကြီးလည်းတွင်ကျယ်သည်မဟုတ်။ ဆိုင်ကယ်ဆိုတာကလည်း ပိုက်ဆံတတ်နိုင်သည့် အိမ်ထောင်စုအနည်းငယ်ကသာပိုင်ဆိုင်သောအရာမျိုးပင်။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd