အပိုင်း - ၂၇ ( Unicode )

185 11 0
                                    

မနေ့က ဟယ်ရီငြိမ်းမောင်တို့အိမ်မှပြန်လာပြီးတည်းက ကိုသမိုင်းဦးတည်နှင့်ကိုသက်ခိုင်တို့ကိုလည်း သိပ်မတွေ့ရတော့ချေ။ ဟယ်ရီငြိမ်းမောင်ကတော့ ပျင်းလျှင်သူစီလာလည်နိုင်သည်ဟုပြောထားသည်။မဟုတ်လည်း ရင်ခွင်ရိပ်မြုံသို့ သူကိုယ်တိုင်လာလည်ပါမည်တဲ့။

ဦးတည်မရှိဘူးဆိုတဲ့အသိကလူကိုထုံကျင်စေတာတော့အမှန်။မနက်နိုးတော့ သူရနေကြ ကိုယ်သင်းနံံ့လည်းမရှိသလို နွေးထွေးသည့်ရင်ခွင်တစ်စုံဟာလည်းပျောက်ဆုံးနေခဲ့သည်။ သူငိုတာကိုမကြိုက်သည့် ဦးတည်ကြောင့် သည်တစ်ခါတော့မငိုဖြစ်။ ဒါပေမယ့်လည်း လွမ်းတဲ့အသိက တဖြည်းဖြည်းသိပ်သည်းစများလျက်သာ။

ထိုအခါမှသူတွေးမိသည့်အရာတစ်ခုမှာ သူဟာ ဦးတည်ကိုမှီခိုလွန်းသည်ဟူ၍ပင်။ စတွေ့တုန်းကတည်းက မျက်ဝန်းစိမ်းတွေကိုငေးရင်း အေးစက်လောက်မယ့်လူကြီးဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးသည်။ ဒါပေမယ့် မျက်ဝန်းစိမ်းတွေနောက်ကွယ်က စိတ်ရင်းအမှန်တရားကတော့ ပိုသားကဲ့သို့နူးညံံ့သည်လေ။

တစ်ခါတရံဒေါသကြီးတတ်ပေမယ့်လည်း သူ့ကိုတော့ထိခိုက်လိုချင်းဘယ်အခါမှမရှိခဲ့။ဘယ်ဘက်လက်သန်းကြွယ်မှ ရွှေလက်စွပ်လေးကိုဖွဖွလေးပွတ်သပ်မိတော့ ထိုနေ့ကပုံရိပ်တွေက သူ့အားပြုံးရိပ်ထင်စေသည်။ ဘဝတစ်ခုလုံးပုံပေးရလောက်အောင် သူချစ်တဲ့လူက ယောက်ျားတစ်​ယောက်ဖြစ်သည်ဆိုတာကို တမလွန်ကမိဘနှစ်ပါးသိတဲ့အခါ ကောင်းချီးပေးပါလေမလား။သို့မဟုတ်လည်း ငြင်းဆန်လေမလား။ မေမေလေးဆိုရင်ရော သူ့တို့ကိုသဘောတူမလား။ ဒါမှမဟုတ် အခြောက်ဆိုပြီးများလှောင်ရယ်နေမလား။

တဆက်တည်းဆိုသလိုပင်ခုနေများမေမေလေးတို့မိသားစုရောအဆင်ပြေပါရဲ့လား။ ညီလေးနှင့်ညီမလေးတို့သည် အပြစ်မရှိသည့်အဖြူထည်ကလေးများသာ။ စိတ်ချသည်ဆိုပေမယ့်လည်း စိတ်ထဲတော့မအေးနိုင်သေးပေ။ မေမေလေးအကြောင်းသူသိသည်မို့ ကလေးနှစ်ယောက်အတွက်ပူပန်မိတာတော့အမှန်။

ဒေါက်.... ဒေါက်.... ဒေါက်....

တံခါးခေါက်သံ ခပ်သဲ့သဲ့ကြောင့် တစ်ဖက်မှလူအား နိဒါန်းပျို ဝင်ခဲ့လို့ရပါကြောင်းပြောလိုက်သည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now