အပိုင်း - ၂၈ ( Unicode )

211 11 0
                                    

သက်ခိုင်၏ဘဝတွင် စိမ့်ဂေဟာကို ဒါပထမဆုံးရောက်ဖူးခြင်းဖြစ်သလို မြင်နေရ၊ကြားနေရသမျှ​ကြောင့်လည်းစိတ်ထဲမသိုးမသန့်ခံစားနေရသည်။ထိုထဲသို့ ဝင်ရမလိုလို၊မဝင်ရမလိုလိုနှင့်ကြောင်ကြောင်ကြီးရပ်နေခဲ့သည်မှာလည်း အချိန်တစ်ခုရှိပြီပင်။

သူရှင်သန်လာသည့်လူ့သက်တမ်းတစ်လျှောက်လုံး တစ်ခါမှပင် ထိုနေရာအားခြေချဖို့ပင်စိတ်မကူးခဲ့။သို့သော် ယခုအချိန်တွင်တော့ စိုက်စိုက်မြိုက်မြိုက်ကြီးရောက်လာခဲ့ပြီပင်။ ခပ်မှိန်မှိန်မီးရောင်အောက်က စိမ့်ဂေဟာ ဆိုသည့်စာကြောင်းကိုဖတ်ရင်း ရင်ထဲကမခံချင့်မခံသာဖြစ်မှုနှင့် စိတ်မသက်မသာဖြစ်မှုက ကြီးစိုးလာသည်။

သို့သော်ငြား....

" အဝေရယ်.... အဝေ့ဘဝကဆိုးလိုက်တာ။ အစ်ကို့ကြောင့်ပါ။ ဒါတွေအားလုံး အစ်ကို့အပြစ်တွေကြောင့်ပါ နှမရယ်။"

သူ့ကိုယ်တိုင်ကြားရုံမျှ အပြစ်တင်သံတိုးတိုးနှင့်အတူ ခံပြင်းမှုတချို့က သူ့မျက်ဝန်းတွေအားဝေဝါးသွားစေပုံပင်။

နောက်ဆုံး နှမငယ် အဝေ့စိတ်နှင့်ပဲ သူ ထိုထဲသို့ဝင်လာလိုက်တော့သည်။ စိမ့်ဂေဟာ၏ အတွင်းဘက်တွင် ယစ်မူးဖွယ်အငွေ့အသက်အပြည့်နှင့်ဆူညံနေသည်။

မိန်းကလေးအပေါင်းတို့သည်လည်း အပေါ်ပိုင်းအား ပိုးဇာအားရင်ခံနှင့်ချုပ်ထားသောအင်္ကျီတို့အား လှပစွာဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးရှိရှိုက်ဖိုကြီးငယ်အသွယ်သွယ်တို့အား သိသာစေသည့်ထဘီအားဆင်ယင်ထားသည်။ ယင်း ပိုးဇာအောက်က ဖော်ပြထားသော သိသာမြင်သာသည့် မိန်းကလေးတို့၏အပေါ်ဘက်ပိုင်းကြောင့် သက်ခိုင်ချက်ချင်းပင်မျက်နှာလွဲလိုက်မိသည်။

သူမလေးတို့၏ ဆေးဆိုးပန်းရိုက်မျက်နှာလေးများသည် မြင်သူတကာမျက်စိမလွဲချင်အောင်ပြုစားထားပြီး ယပ်တောင်လေးတဖျပ်ဖျပ်နှင့် အထဲဝင်လာသမျှပုရိသအပေါင်းအား ကလူ၏သို့ မြူ၏သို့နှင့်ဖျားယောင်းနေခဲ့ကြလေသည်။ တချို့သော မြင်ကွင်းများမှာ ရှက်စဖွယ်အတိပင်မို့ သက်ခိုင် မျက်နှာပူပူနှင့်ခေါင်းကိုတက်နိုင်သမျှငုံ့ထားမိတော့သည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now