အပ်ိုင်း - ၃၀ ( Unicode )

261 8 0
                                    

နိဒါန်းပျို သူ့လက်ထဲက ကြေးနန်းစာအား လေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်းက သူ စိတ်လှုပ်ရှားနေမိသည်။ နောက်ဆုံး သူမျှော်နေသောလူဆီမှစာသည် သူ့ကျောင်းတက်ဖို့ တစ်ရက်အလိုတွင်ရောက်လာခဲ့သည်။စာအိတ်အပြင်ဘက်တွင်ရေးထားသော ရင်ခွင်ရိပ်မြုံ၏တည်နေရာအား အင်္ဂလိပ်လိုဖော်ပြထားခဲ့ပြီး စာတိုက်တံဆိပ်တုံးတစ်ခုလည်းရိုက်နှိပ်ထားခဲ့လေသည်။

နိဒါန်းပျို ထိုခပ်သော့သော့လက်ရေးများအား လက်ချောင်းထိပ်လေးဖြင့်အသာထိတွေ့ရင်း တစ်နယ်မြေခြားက ဦးတည်အား လွမ်းစိတ်ကြောင့်မျက်ရည်ဝဲမိသည်အထိပင်။ တံဆိပ်တုံးဖိနှိပ်ထားသောအောက်တွင် စာရေးသည့်ရက်စွဲအားရေးထားပြီး နိဒါန်းပျိုရက်တွက်ကြည့်လိုက်တော့ သူ့ထံစာရောက်ဖို့ကြားတွင် အချိန်ကိုးရက်ခန့် ကြာခဲ့ပုံပင်။သို့သော် မရောက်တာထက်စာရင် တော်ပါသေးသည်ဟုသာဖြည့်တွေးရင်း စာအိတ်အားဖွင့်ဖောက်ကြည့်လိုက်တော့သည်။

စာသည်သူထင်ထားခဲ့သလို အင်္ဂလိပ်စာနှင့်မဟုတ်ခဲ့ချေ။တော်သေးသည်ဟုသာပြောရပေမည်။သူ၏ အင်္ဂလိပ်စာအပေါ်နားလည်နိုင်စွမ်းသည် အသင့်အတင့်သာပင်ဖြစ်သည်။ စာထဲတွင်ရေးထားသောလက်ရေးများသည် ညီညာ၍ လူကြီးဆန်လှသည်ဟုပြောရမည်။ ဝိုင်းစက်နေသည်လည်းမဟုတ် လှပနေသည်ဟုလည်းတင်စားလို့မရသည့်လက်ရေးလက်သားက ဦးတည်ရဲ့အေးစက်စက်ပုံရိပ်နှင့်ထပ်တူညီနေခဲ့သည်။

Myanmar

Rangon Region

၁၉၈၂ပြည့်နှစ်၊ မေလ ၂၉ရက်။

သို့ချစ်ရတဲ့ချာတိတ်

အလုပ်တွေခဏပြီးတုန်းလေး ကိုယ် မင်းအတွက်စာတန်းရေးတာပဲချာတိတ်။မင်း မျှော်နေမှာကိုသိတော့ ကိုယ်ဒီအလုပ်တွေကို မုန်းလာမိတယ်။ ဒါပေမယ့်မင်း​လေးဆီစာရောက်မယ့်အချိန်တွေကတော့လင့်သွားကောင်း လင့်သွားနိုင်လိမ့်မယ် ဘယ်အချိန်​ဖြစ်​ဖြစ်ကိုယ်ကတော့မင်းကိုအစဥ်သတိရနေပါတယ်ကွာ။

ပြီးတော့ ခုလိုဝေးနေရတာကြီးကို ကိုယ်တကယ်မုန်းလိုက်တာ ချာတိတ်ရာ။ အင်း... ဒါတွေထားပါ။ ချာတိတ် ခုလောက်ဆိုကျောင်းတတ်ရတော့မယ်မလား။ အစစအရာရာ ဂရုစိုက်ပါလေ။ လွမ်းတယ် ချာတိတ် ကိုယ် မင်းကို လွမ်းတယ်။ ကိုယ့်မေတ္တာတရားငယ်နဲ့တစ်နိုင်ငံခြားနေတာလေ ကိုယ်တစ်ကယ်မပျော်ဘူးချာတိတ်ရယ်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now