အပိုင်း - ၁၂

488 20 0
                                    

မေမေလေးအိမ်မှထွက်လာပြီး ဦးတည်အိမ်တွင် နိဒါန်းပျိုနေသည်မှာ နှစ်ရက်ခန့်ပင်ရှိနေပြီဖြစ်သည်။ ဦးတည်ပြောတာကတော့ သူ့ကိုမွေးစားလိုက်ပြီတဲ့ အဲဒီအိမ်ကိုခြေဦးတောင်မလှည့်နဲ့တော့ ဆိုပြီး သတိပေးထားသည်။ သူ မေမေလေးကိုမမုန်းပါ။ဒါပေမယ့် စိတ်နာသည်။ ကြားထဲက ဦးတည်ကိုတော့ထြင့် သူအားနာလှသည်။သွေးမတော်သားမစပ် သူ့ကို ဦးတည်မလို့ မျက်စိစုံမှိတ်ပြီးစောင့်ရှောက်ချင်တာ။ လက်ရှိ ဦးတည်ဝယ်ထားတဲ့ ယခုသူတို့နေနေသည့် သာဂရကအိမ်လေးမှာ သိပ်ကြာကြာမနေရတော့မည့်ပုံပင်။ ဦးတည်ရဲ့ လုပ်ငန်းတွေက ရန်ကုန်မှာဆိုတော့ ဦးတည်ပြန်တဲ့အခါ သူပါလိုက်သွားရမည်ဖြစ်၍။ဘယ်လိုပဲဆိုဆို ဦးတည်ကို သူ သိပ်ကျေးဇူးတင်သည်။ မေမေလေး စွန့်ပစ်လိုက်ပြီဖြစ်တဲ့သူဟာ..မိသားစုမရှိတော့တဲ့ မိဘမဲ့တစ်ဦးသာသာ။ ဦးတည်သာမရှိခဲ့ရင် သူ့ဘဝကြီးကမတွေးရဲစရာပင်ဖြစ်သည်။

ဦးတည်က ကျွန်တော့်အတွက် နားခိုရာအိမ်ကိုပေးသည်။
ကျွန်​တော့်ရဲ့အုပ်ထိန်းသူတစ်ယောက်အနေနဲ့လည်း မိသားစုဝင်ဖြစ်ပေးသည်။ ကျွန်တော်လိုအပ်နေချိန်မှာ ကျွန်တော့်အတွက် အားကိုးရာဖြစ်ပေးသည်။ ဒီလောက်နဲ့တင် ဦးတည်ရဲ့ ကျေးဇူးတရားတွေဟာ ကျွန်တော့် ပေါ်တွင်များပြားလွန်းနေပြီပင်။ ဒါကြောင့်ပဲ ဦးတည်အတွက် သာကျွန်တော်ရှင်သန်မည်။ ကျွန်တော့်ရဲ့ တည်ရှိမှုဟာ ဦးတည်အတွက် ကောင်းသောဖြစ်တည်ခြင်းကိုသာ ဖြစ်စေမည်။ ဒီလောကကြီးမှာ ဦးတည်ဟာ ကျွန်တော်ရှင်သန်ဖို့အကြောင်းအရင်းပင်ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် ဦးတည်ဟာ ကျွန်တော့်တည်ရှိမှုရဲ့ အသက်ဓာတ်ပင်။

တစ်နေ့ကျ ဦးတည်ဟာ ကျွန်တော်အတွက် ဘယ်လောက်အရေးပါကြောင်း ပြောပြဝန်ခံချင်သည်။ အခုတော့ ဒီစကားတွေကို ရင်ထဲမှာပဲသိမ်းထားရပေဦးမည်။ ကျွန်တော့်ခြေထောက်အပေါ် ကျွန်တော်ရပ်တည်နိုင်တဲ့တစ်နေ့ကျ...ထုတ်ပြောမိမယ်ထင်ပါရဲ့။

" ....ဒါပေမယ့် ငါက ဦးတည်အတွက် ဘယ်လိုဖြစ်တည်မှုမျိုးပါလိမ့်.... "

နှုတ်ဖျားမှ ခပ်တိုးတိုးဆိုရင်း သူငိုင်ကျသွားမိပြန်သည်။ ဒီနေ့အတွက် အတွေးတွေအရမ်းများနေပါလား။ စိတ်ခံစားချက်တွေကလည်း အတက်အကျ မြန်​နေသလိုပဲ။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now