အပိုင်း - ၂၅.၁ ( Unicode)

218 15 1
                                    

အချိန်တွေကုန်တာမြန်မှန်း သူသိပေမယ့် သူမသိလိုက်ခင်မှာပဲ ဦးတည်သွားဖို့အချိန်ကိုရောက်လာခဲ့တယ်။ ခွဲခွာခြင်းဆိုတာ ဆုံဆည်းခြင်းရှိခဲ့လို့တဲ့။ ပြန်ဆုံဆည်းဖို့ထိုက်တန်တဲ့လူတွေက အချိန်ကိုတန်ဖိုးထားသင့်သလို ပြန်ဆုံခွင့်မရသူတွေအဖို့ အချိန်ဟာထိုနေရာမှာပဲရပ်တန့်နေပြီးသား။ ဒါက နိယာမတစ်ခုပါပဲ။ ဝမ်းနည်းဖို့ရော၊ပျော်ရွှင်ဖို့ရော ထိုက်တန်ပါတယ်လေ။

ခပ်ပြင်းပြင်းလေထုကိုတစ်ချက်ရှူရှိုက်လျက် နာကျင်တွေကိုဖိနှိပ်လိုက်၏။ ထို့နောက် နှုတ်ဖျားကိုအသာဖွင့်ကာ ....

" ဦးတည် ဆေးလိပ်တွေလျော့သောက်နော် "

ဒါဟာစကားသပ်သပ်မဟုတ်။ တစ်ခါတရံတစ်နေရာရာကိုငေးရင်း အတွေးနယ်ချဲ့တတ်သည့်ဦးတည်က နှုတ်ခမ်းထက်အမြဲတမ်းဆေးလိပ်ခဲတတ်သည်မှာ အနည်းနှင့်အများဆိုသလိုပင်။

ဦးတည်၏ ခရီးဆောင်အိတ်ကို ကားပေါ်တင်ပေးနေသည့် ကိုသက်ခိုင်အား သူ့လှမ်းကြည့်လိုက်သည်။ ထိုအခါ သူ့မြင်ကွင်းထဲရောက်လာပါသည့် ရင်ဘတ်တစ်စုံ။ နေရောင်ခြည်ကိုနောက်ခံပေးထား၍ ထိုသူ့အရိပ်က သူ့အားအုပ်မိုးလျက်။ အနက်ရောင် အနောက်တိုင်းဝတ်စုံက ကြံ့ခိုင်သောခန္ဓာကိုယ်အားမဖုံးကွယ်နိုင်ပေ။ သန်မာသည့်ရင်အုပ်။ထို့နောက် သိမ်ဆင်းသွားသည့်ခါး။ နိဒါန်းပျို ထိုခါးပိုင်ရှင်အား ဖက်တွယ်လိုက်သည်။

" ဦးတည် ဘာလို့သိပ်ချောနေရတာလဲဗျာ "

မထင်မှတ်ထားပဲ သူ့အသံကစူအောင့်အောင့်ကလေးဖြစ်နေ၏။

" အဟွန်း... "

စောလွန်းတည် အသံထွက်ရယ်လိုက်သည်။ ပြီးနောက် ချာတိတ်ရဲ့နဖူးလေးအား လက်ဖြင့်အသာတောက်ရင်း.....

" မင်းရဲ့သက်ဆိုင်သူက မင်းအမြင်မှာသိပ်ချောတယ်ဆိုတာကို အခုလိုသိလိုက်ရလို့ဝမ်းသာပါတယ်ကွာ "

" ဟွန့်.... "

သူ့အားစူအောင့်အောင့်ဖြင့် မော့ကြည့်နေသောချာတိတ်ကြောင့် မျက်ဝန်းအကြည့်တို့နူးညံံ့သွားရသည်။ထို့နောက် အညိုဘက်သမ်းသော ဆံနွယ်ကောက်လေးတို့အား အသာထိုးဖွမိ၏။ ပျော့ပျောင်းမှုက သူ့လက်ဖဝါးထဲတွင်ပျော်ဝင်နေပြီး နှလုံးသားအားယားယံလာစေသည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now