အပိုင်း - ၂၉ ( Unicode )

233 12 0
                                    

မနက်ခင်းနေရောင်ခြည်ကနွေးသည်။ အေးစက်စက်ကုတင်ထက်တွင် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် သက်ခိုင် နိုးလာခဲ့သည်။

ထို​နောက် သူ၏လက်ကောက်ဝတ်နှစ်ဖက်လုံးသည်ထုံကျင်၍တဆစ်ဆစ်နာနေသည်ကို အရင်ဦးဆုံးခံစားမိ၏။ သို့သော်  သူ့ဘေးတွင်ပြန့်ကျဲနေသော အဖြူရောင်ပုဝါစအားမြင်လိုက်ရသည့်အခိုက်အတန့်တွင် သက်ခိုင် အသက်ရှူသံများမြန်လာရပြီး မျက်လုံးများကလည်း တဖြည်းဖြည်းရဲတတ်လာ​ရတော့သည်။

ယင်းပုဝါစအား သက်ခိုင်ကောင်းကောင်းကြီးမှတ်မိနေပါသေးသည်။ သူ့အား သမိုင်းဦးတည်၏လက်ထဲမှ မလွတ်မြောက်အောင်ချုပ်နှောင်ခဲ့သည့်တရားခံပင်။

သို့ရာတွင် သက်ခိုင်၏ ခါးတွင် တင်းကျပ်စွာချုပ်နှောင်ထားတဲ့ လက်တစ်စုံကလည်း ရုန်းမရအောင်ခိုင်မြဲနေခဲ့၍။

ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်စွာ  အေးစက်တဲ့ရင်ခွင်တစ်ခုအောက်မှာ သက်ခိုင် တိုးတိုးလေးရှိုက်၍ ငိုမိတော့သည်။ သို့​သော်လည်း သမိုင်းဦးတည်ထံက အနောက်ကနေ သူ့အားထွေးပိုက်၍ တစ်စုံတရာအားအကြောင်းတည်၍ တောင်းပန်တိုးလျှိိုးစွာ ချော့မြူလာလျှင်....

" မငိုပါနဲ့.... နာနေလို့လား။ "

" ထွက်သွား!.... "

" ..ဟက်.."

သူပြောတော့ ဟက်ခနဲတစ်ချက်ရယ်၍ သူ့ပုခုံးသားတွေအားကိုက်ခဲလာသည်။ အောက်နှုမ်းခမ်းကိုအသာဖိကိုက်ရင်း ညည်းသံမထွက်မိအောင် သက်ခိုင် တင်းခံထားမိသည်။

မင်းရဲ့အပြုအမူတွေက သိပ်ကိုရမ်းကားလွန်းတယ်။ အဲ့တာကိုသိရက်နဲ့ မင်းအပေါ်အပြစ်မမြင်နိုင်တဲ့ ငါကိုယ်တိုင်ကလည်း တကယ့်အကန်းပဲ။

" ချစ်တယ်ဆို.... "

သမိုင်းဦးတည် မပွင့်တပွင့်မေးမိသည်။

" ဟင့်...ဟစ်။ လူဆိုးကောင်... ထွက်သွား။ "

သူလေသံလျော့ပြောပေးနေမှန်းသိတော့ သိပ်ကိုဂျစ်တိုက်ချင်သည့်လူပါလေ။ သမိုင်းဦးတည်ဆိုတဲ့သူကလည်း စိတ်မရှည်တတ်တော့ခက်သည်။ထို့ကြောင့် ခပ်မာမာပြန်ပြောမိသည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now