ဦးတည်ထွက်သွားပြီး ၁လတင်းတင်း ပြည့်ချိန်။" နိဒါန်းပျို မင်းဘာဖြစ်နေသလဲ။ မှန်းစမ်း.. နေမကောင်းဘူးလား။ မျက်နှာလည်းမလန်းဘူး။ "
ပြောရင်း ဟယ်ရီငြိမ်းမောင်က သူ့ရဲ့နဖူးအား ကိုယ်အပူချိန် လာစမ်း၏။ အချိန်က တစ်လတောင်ကြာသွားခဲ့လေပြီ။ စာမလာ အကြောင်းမကြားနဲ့လူကြီးကြောင့် အရင်ကလောက်တောင် မပြုံးဖြစ်တော့။ နေရက်လိုက်တာလို့တွေးမိပြန်ပေမယ့် တစ်နေ့တော့ ဦးတည်ထံမှ စာရောက်လာမှပါလို့ဖြည့်စဥ်းစားခဲ့သည်။ နောက်တစ်လထပ်မံ၍ စောင့်ကြည့်ဦးမည်။ သို့သော် မှန်းသလိုမဖြစ်လာခဲ့ရင် ထပ်နာကျင်ရဦးမည်သာ။
သို့သော်လည်းပဲ အဆိုးထဲကအကောင်းလို့ဆိုရမလား ဟယ်ရီငြိမ်းမောင်ကတော့ သူ့နာမည်ကို ပီသစွာခေါ်ဆိုနိုင်လာခဲ့ပြီ။ ပြီးတော့ ဗမာစကားအရာမှာလည်း လည်လည်ဝယ်ဝယ်ရှိလာခဲ့ပြီပင်။
သို့ထက် အမြဲတမ်းဆိုသလို ပုဝါစလေးတစ်ခုကိုလက်ထဲငေးရင်း မှင်ပန်လေးကိုလက်ကကိုင် စာအုပ်လေးတစ်အုပ်ရဲ့စာမျက်နှာတိုင်းမှာ စာတိုလေးတွေတောင်ဖွဲ့တတ်လာတဲ့အထိ ဟယ်ရီငြိမ်းမောင်က စာရေးဆရာပေါက်စလေးတောင်ဖြစ်လို့ ဖြစ်လာချေသည်။
သို့သော် စာမျက်နှာလွတ်တစ်ခုတွင် စာရေးလိုက်တိုင်း ဟယ်ရီငြိမ်းမောင် မျက်ဝန်းထောင့်တွေက မို့မောက်ရဲတက်နေတတ်သည်။
ထို့နောက်တွင်တော့ သူ့နည်းတူ မျက်နှာမလန်းသော ဟယ်ရီငြိမ်းမောင်အား ပြန်ကြည့်လိုက်ရင်း သူ့ကိုယ်သူပို၍ အားမလိုအားမရဖြစ်သွားရသည်။ဘယ်အချိန်လောက်ထဲက ဒီလောက်တောင် သူ့ပျော့ညံံ့သွားတာလဲ။ စဥ်းစားကြည့်ရသလောက် ဦးတည်ထွက်သွားတဲ့နေ့ကတည်းကပင်ဖြစ်လိမ့်မည်။
" ဟယ်ရီ.. မင်းမျက်လုံးထောင့်တွေရဲနေပြန်ပြီ။ "
" သြ.. ငါအိပ်ရေးမဝလို့ ဝါးသန်းထားတာလေ။အဲ့တာကြောင့် ရဲနေတာဖြစ်မပေါ့..။နို့.. ငါ့မှာ မင်းလိုငိုရမယ့် အကြောင်းအရင်းမှမရှိဘဲလေဟုတ်ရဲ့လား။ "
ဘာမှန်းမသိသည့် အာမေဋိတ်သံနဲ့အတူ ဟယ်ရီငြိမ်းမောင်၏အသံဟာဖျော့တော့နေခဲ့သည်။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd