" ဟော..ကိုကိုပြန်လာပြီ ဒီနေ့တော့ အိမ်ပြန်နောက်ကျတယ်နော်..ဘယ်အိမ်ကသမီးပျိုလေးနဲ့များ ချိန်းတွေ့နေလို့လဲမှန်မှန်ပြောစမ်း... "
ကိုကိုရဲ့လက်ထဲမှ လက်ဆွဲအိတ်ကိုယူလိုက်ရင်း နွေချစ် မေးလိုက်သည်။
ထိုအခါ ကိုကိုက ခပ်နွမ်းနွမ်းတစ်ချက်ပြုံးပြ၍ ခေါင်းခါပြလေသည်။
သေချာကြည့်ကာမှ အရင်နေ့များကထက် မျက်နှာပိုနွမ်းနေသော ကိုကို့ကြောင့် နွေချစ် မသိမသာမျက်မှောင်ကြုတ်မိပါ၏။ပုံမှန်အိမ်သို့ပြန်ရောက်ချိန်ထက်လည်း နောက်ကျသည့်အပြင် ချွေးများစိုနေပုံရသော ကိုကို့ အဝတ်အစားတို့ကလည်းမူမမှန်။ ကိုကို့အလုပ်က ချွေးထွက်ရလောက်အောင်လည်း ပင်ပန်းသည့်အလုပ်မဟုတ်။ ငြိမ်ငြိမ်ကလေးထိုင်ပြီး စာရင်းလေးသာလုပ်ရသည့်အလုပ်မျိုးပင်။
" အငယ်ရယ် ကြံကြံဖန်ဖန်မေးတတ်ပါ့.. ကိုကိုက ဘယ်ကကောင်မလေးနဲ့တွေ့ရမတုန်း...ကဲ..ကဲ..ကိုကို့ရှေ့ကဖယ်ဦး ရေချိုးချင်လှပြီရယ်.. "
ကြည့်... လေသံကလည်း စကားမပြောချင်တဲ့လေသံကြီး။ နွေချစ် မသင်္ကါစွာဖြင့် ကိုကို့မျက်နှာအား စိုက်ကြည့်လိုက်၏။
" ဘုရားပေးပေး၊ကျမ်းပေးပေးဟုတ်သလား တကယ်ဘယ်သူနဲ့မှမတွေ့ပါဘူး အငယ်ရယ် မျက်မှောင်ကြီး ကြုတ်မနေပါနဲ့....ရှေ့ကနေဖယ်တော့ဟုတ်ရဲ့လား..ကိုကိုပင်ပန်းလာတယ်ကွယ်.. "
နွေသစ်ရောင်ခြည် သူ့အားတရားခံစစ်သလိုစစ်နေသည့် ညီမဖြစ်သူကိုချော့မော့ရှင်းပြလိုက်သည်။ အလုပ်ကနေ သူ ပြန်ရောက်တိုင်း အိမ်ဝကနေအမြဲဆီးကြိုနေတတ်သည်က ညီမလေးအတွက် အလုပ်ကလေးတစ်ခုလိုပင်။ ငယ်ငယ်လေးထဲက သူ ဘယ်ကပြန်လာပြန်လာ အိမ်အပေါက်ဝလေးကနေအမြဲစောင့်နေတတ်တာလေးက အခုအရွယ်ထိအကျင့်ပါလာပုံ။ သည်ကနေ့တော့ သူလည်း စိတ်အခြေအနေသိပ်မကောင်းသည့်အတွက် ရှေ့တွင်ပိတ်ရပ်နေသော ညီမဖြစ်သူရဲ့ပုခုံးကိုလက်ဖြင့်အသာတွန်းဖယ်လို့အခန်းထဲဝင်ရန်ပြင်လိုက်သည်။
" အိုး...ကိုကို့လက်တွေက ပေါက်ပြဲနေတယ်..ကိုကိုရန်ဖြစ်လာသလား ... "
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd