အပိုင်း ( ၃၆ ) Unicode

101 4 0
                                    

ဝေါ... ဝေါ... ဝေါ...

ပြင်တင်းပေါက်မှန်ပြင်အား တဝေါဝေါတိုက်ခတ်နေသော မိုးသက်လေပြင်းကြောင့် နိဒါန်းပျို နိုးလာရသည်။ မနက်အစောကြီးဆိုသော်ငြား အပြင်ဘက်ရှိကောင်းကင်ကြီးက မှိုင်းညို့ကာပြာရီနေသည်။

ပုံမှန်ချထားတတ်သော လိုက်ကာစများသည် တစ်စုံတယောက်ရဲ့ သေသပ်စွာသိမ်းစည်းခြင်းကိုခံထားရလေသည်။ထို့ကြောင့်လည်း ဒီနေ့မနက်တွင် ပြင်ပကောင်းကင်ကြီးအခြေအနေအား သူခန့်မှန်းပြောဆိုနိုင်ခြင်းသာ။

ဆိုကာမှ သူပထမဆုံးတွေ့ချင်တာ ကောင်းကင်ကြီးမှမဟုတ်ဘဲ။

" ဒီနေ့လည်း မိုးတွေသည်းနေပြန်ပြီနော် ဦး..တည်... ဟင်! "

အဆုံး၌ သိသိသာသာ သိမ်ဝင်သွားသောလေသံက သူ့နံဘေးရှိ တစ်စုံတစ်ယောက်ကို မမြင်တွေ့လိုက်ရသည်မို့။ တကယ်လည်း သူ့ဘေးနေရာက လစ်ဟာနေသည်။ပြီးတော့ အေးစက်နေပြီး ဦးတည်ရဲ့ ကိုယ်ငွေ့လေးကိုပင် နည်းနည်းလေမျှ မခံစားမိ၍။

'ဒါဖြင့် ဦးတည်ရော။'

ထိုအတွေးကြောင့် နိဒါန်းပျို ရုတ်တရက် ပျာယာခတ်သွားရသည်။ ဦးတည်ဘယ်မှာလဲ။ ညက သူ့ဘေးမှာအိပ်စက်အနားယူခဲ့တဲ့ ဦးတည်က ဘယ်ရောက်သွားသလဲ။ ဘာလို့များ အိပ်ရာကြီးထက်မှာ သူ့ကိုယ်ငွေ့ကလွဲဲပြီး အေးစက်ခြောက်ကပ်နေရသလဲ။

" ဦးတည်.. ဘယ်မှာလဲဗျာ။ "

မပွင့်တပွင့် သူ့ကိုယ်သူ​ပြန်၍မေးမိသည်။ ထို့နောက် လှဲနေရာမှထထိုင်ကာ ပြင်တင်းပေါက်မှန်ပြင်ကို တဝေါဝေါ လာရိုက်ခတ်သော မိုးရေများကိုကြည့်သည်။ ဒီနေ့ တကယ်ကို မိုးသည်းတဲ့နေ့ပဲဟုတွေးရင်း အောက်ထပ်က စာကြည့်ခန်းထဲတွင်တော့ ဦးတည်ရှိလောက်မှာပါဟု ဖြည့်စဥ်းစားသည်။

ဒေါက်... ဒေါက်... ဒေါက်...

" ဘယ်သူလဲ။ "

သူ့အသံနှင့်အတူ ရှေ့ဆင့်နောက်ဆင့်ဖြေဆိုသံထွက်လာသည်။

" အစ်ကိုပါ။ "

ဆိုသည့် ဖြေသံနှင့်အတူ ကိုသက်ခိုင်က တံခါးဖွင့်၍ ဝင်လာပြီး ကုတင်ပေါ်မှ သူ့အားကြည့်၍ ယောင်ယောင်ကလေးပြုံးပြသည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now