အပိုင်း - ၈

556 23 5
                                    


ဦးတည်နောက်လိုက်ရင်း နိဒါန်းပျို စက်ဘီးပေါ်မှတစ်ဆင့် ပတ်ဝန်းကျင်ကိုအကဲခတ်မိလေသည်။သူဌေးသူ၊ကြွယ် ၊ အရာရှိ၊ အရာခံ တို့သာနေပုံရသော လမ်းထဲတွင် ပျည်ထောင်အိမ်ကြီးအိမ်ကောင်း၊ တိုက်တာ၊တို့ကိုသာတွေ့ရပြီး အေးချမ်းတိတ်ဆိတ်လွန်းသည်။

နေ့လည်နှစ်ချက်ထိုးအချိန်ပေမယ့်လည်း နေရောင်ခြည်က အရင်နေ့များကလို ပူပြင်းမနေ။ ကောင်းကင်တွင် မိုးသားညိုတို့စုဝေးနေလျက် အုပ်မှိုင်းမှိုင်းရှိလှသည်။
ချက်ချင်းဆိုသလို မိုးရွာချမည့်သဏ္ဌာန်ရှိတာကြောင့် ဦးတည်ရဲ့အိမ်ကို မိုးမရွာခင်အမှီရောက်ရန်ကိုသာ သူ့ စိတ်ထဲမှဆုတောင်းနေမိသည်။

ထိုစဥ်... ။

ခြံတစ်ခြံ၏အရှေ့တွင် စက်ဘီးကလေးရပ်တန့်သွားသည်။ကြည့်ရတာ ဦးတည်ရဲ့ အိမ်ကိုရောက်ပြီထင်ပါရဲ့...။

နိဒါန်းပျိုလည်း စက်ဘီးပေါ်မှ ဆင်း၍လှည့်ပတ်ကြည့်နေမိသည်။ ထိုသို့ကြည့်နေစဥ်အတွင်း သူ့မျက်ဝန်းထဲသို့ဝင်လာပါသည့် အိမ်ဖြူလေးတစ်လုံး။ အိမ်လေးက အဖြူရောင်အပြင် အပြာရောင်တို့ပါရောနှောလျက်။ တစ်လမ်းလုံးသူတွေ့ခဲ့သည့် အိမ်များနှင့်မတူစွာ တသီးတခြားဆန်နေသည့်တိုင်နေချင်စဖွယ် အိမ်ကလေးတစ်လုံးပင်။

" ဒီနေရာက... "

နိဒါန်းပျို အံံ့အားသင့်မှုနှင့်အတူ ဇဝေဇဝါနဲ့ ဦးတည်ရဲ့မျက်နှာအား ခေါင်းမော့ကြည့်လိုက်မိတယ်။ ခြံဝန်းအကျယ်ကြီးရဲ့ အလယ်မှာရှိနေတဲ့ အိမ်လေးက အစက သူထင်ထားခဲ့သလို တိုက်ပုလေးမဟုတ်ဘဲနဲ့ လုံးချင်းပျည်ထောင်အိမ်လေးဖြစ်နေသည်။

ဆေးဖြူနဲ့အပြာရောသုတ်ထားတဲ့ လုံးချည်းပျည်အိမ်ကလေးက နေချင်စဖွယ်ဖြစ်နေ၍။ အစ်ကိုနွေသစ်ပြောတုန်းက ရေနံချေးသုတ်ထားတာဆိုပေမယ့် ခုလိုမြင်လိုက်ရတော့လည်း ဦးတည်ရဲ့ ပြင်ဆင်မှုမှာ အလကားမဖြစ်ခဲ့ချေ။

နိဒါန်းပျို သိချင်စိတ်တချို့နှင့် ဦးတည်အား တဖန်လှည့်ကြည့်လိုက်၏။

ထိုအခါ သူအတွေးတွေကို သိသည့်အလား ဦးတည်ကပြောလာလေသည်။

" ကိုယ်ဆေးပြောင်းသုတ်ထားတာ၊ သဘောကျရဲ့လားဟင် ချာတိတ် "

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now