ဖြန်း!!
အမျိုးသမီးတစ်ယောက်၏ အားပါလှသည့်ရိုက်ချက်။ ဒေါသကြောင့်တဆတ်ဆတ်တုန်နေသော ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ဟာ ရုပ်ဆိုးအကြည်းတန်နေ၏။ နှုတ်ဖျားမှထွက်လာသော စကားတို့ဟာလည်း ခက်ထန်ကြမ်းတမ်းနေခဲ့သည်။ လောဘရဲ့အပူမီးကြောင့် မျက်ဝန်းအကြည့်တို့ဟာလည်း ပူပြင်းလောင်မြိုက်လျက်..။
ခဏအကြာတွင် ထိုအမျိုးသမီးထံမှ ဦးစွာထွက်လာသောစကားမှာလည်း ကျယ်လောင်နေ၍...
" ပေးစမ်း နိဒါန်းပျို!! ငါ့ကို အဲဒီရွှေတွေပေးစမ်း! "
"..."
မည်သည့်စကားမျိုးနဲ့ပြန်ပြောရမှန်းမသိစွာ ပါးပြင်ပေါ်က နာကျင်မှုကိုအံတုလို့ နိဒါန်းပျိုခေါင်းအသွင်သွင်ခါယမ်းမိသည်။ ဒီရွှေတွေကို မေမေလေးကိုသူပေးလို့မဖြစ်ပေ။ ဒါမိဘတွေနောက်ဆုံးထားခဲ့တဲ့ သူ့အတွက်အမွေအနှစ်ကလေး။ သူမက်မောတာမဟုတ်။တန်ဖိုးထားခြင်းပေ။ သူ့ပိုင်ဆိုင်တာဆိုလို့ ဒါလေးတွေပဲရှိတာ။ ပြီးတော့ မိသားစုအမွေအနှစ်လေးပင်မို့ မေမေလေးအားမပေးရက်ပင်။
သို့သော် မေမေလေးရဲ့စကားသံဟာ ထပ်မံ၍ အလိုမကျမှုများထပ်ပေါင်း၍ထွက်လာခဲ့ပြန်သည်။
" ပေးစမ်းလို့ပြောနေတယ်လေ! နားမပါဘူးလားဟမ်.. "
" ဟင့်အင်း မေမေလေး.. ဒီ...ဒီရွှေတွေကိုတော့..ချမ်း..ချမ်းသာပေးပါ "
နိဒါန်းပျို အသနားခံမိလေသည်။ သို့ပေမယ့် ပြန်ရလာသည်က....
ဖြန်း!!
ထပ်မံကျရောက်လာသည့် ပြင်းထန်တဲ့ ရိုက်ချက်နှင့်အတူ ထူပူသွားသောနောက်ထပ်ပါးတစ်ဖက်။ နုနယ် နူးညံံ့သောခန္ဓာကိုယ်ဟာ ကြမ်းပြင်ထက်ဝယ် ကူကယ်ရာမဲ့စွာလဲကျသွားသည့်တိုင် ကတ္တီပါအနီစအထုတ်ကလေးအား တင်းတင်းကျပ်ကျပ် နိဒါန်းပျို ပွေ့ပိုက်လျက် ကာကွယ်ထားမိသည်။
ထို့အပြင် သူ၏ နက်ဆွေးသောမျက်ဝန်းများမှ ပုလဲဖြူသဖွယ်တလိမ့်ခြင်းကျဆင်းနေသော မျက်ရည်ပေါက်များဟာ ပါးပြင်ထက်ပူနွေးနေခဲ့သည်။ မျက်ဝန်းများထဲက နာကျင်မှုများကိုဖုံးကွာ်ထား၍မရခဲ့။ သို့သော် ထိုအရာအလုံးစုံရဲ့ တရားခံဟာတော့ အလွန်တရာကျေနပ်နေဟန် ခပ်ထေ့ထေ့အပြုံးတစ်ပွင့် ပြောလာခဲ့သည်။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd