အပိုင်း - ၃

656 28 0
                                    


အချိန်က ည ၁၀ နာရီခွဲခန့်တွင်ဖြစ်သည်။

ပတ်ဝန်းကျင် တစ်ခွင်လုံး အမှောင်ထုတွေ ဖုံးလွှမ်းသွားလေပြီ။ သို့ပေမဲ့ နံံ့သာရောင်နှစ်ထပ်တိုက်အိမ်လေးရဲ့ အပေါ်ထပ်ရှိ အခန်းငယ်လေးကတော့ မှိန်ပြပြအလင်းရောင်နှင့်အတူ ထိုအမှောင်ထုကို အံတုကာနေဆဲပင်...။

ညနက်လာလေ အိပ်မပျော်လေ ဖြစ်သည်နှင့် နိဒါန်းပျို တစ်ယောက် ကုတင်ပေါ်မှထကာ ပြတင်းပေါက်ရှိရာသို့သွားလိုက်သည်။ ပြတင်းပေါက်ဖွင့်လိုက်သည့်အခါ လေပြေလေညင်းကလေးက သူ့အားတိုးဝှေ့တိုက်ခတ်ကျီစယ်၏။ လေးညင်းနှင့်အတူ နွေရဲ့အငွေ့အသက်တစ်ချို့ကို အပြုံးတစ်ပွင့်နှင့်အတူ လက်ခံမိသည်။

နွေဦးရဲ့လေပြေနဲ့အတူ ခြံထောင့်မှ တရုတ်စကားဝါပန်းရနံ့က သင်းပျံ့ထုံမွှေးလျက် စိတ်ကိုကြည်လင်သွားစေသည်။ ပြတင်းပေါက်ဘောင်ပေါ်သို့ လက်တင်ရင်း မှောင်ရိပ်သန်းနေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်မိတော့ လပြည့်ဝန်းဟာ မရှိ။ အဆုံးမဲ့ ကောင်းကင်ပြင်တစ်ခွင်ဟာ ညအမှောင်တွင် လပြည့်ဝန်းမရှိသည့်အခါ ရုပ်ဆိုးအကျည်းတန်လျက်။ တစတစ ထွန်းလင်းနေသည့် ကြယ်ကလေးများပင် တစ်ပွင့်နှစ်ပွင့်သာ မှိန်မှိန်ကလေး လင်းလက်နေ၏။

ချမ်းစိမ့်စိမ့်ဖြစ်လာသည်ကြောင့် နိဒါန်းလည်း ပြတင်းပေါက်အား ပိတ်ရန်ပြင်လိုက်စဥ်တွင်.......။

" အိမ်ကြီးရှင်တို့... ၊ဗျို့... ဦးရောင်ခြည်... "

ညလယ်တွင် ကျယ်လောင်စွာထွက်ပေါ်လာသည့် လူတစ်ယောက်၏အသံ။

တိတ်ဆိတ်နေသည့် ညပတ်ဝန်းကျင်တွင် ထိုလူ၏ အသံက ဟိန်းလျက် ။ ပြတင်းပေါက်ပိတ်မည့် လက်အားယုတ်ကာ အပေါ်ထပ်မှတစ်ဆင့် အသံလာရာ ခြံရှေ့သို့ သူလှမ်းကြည့်လိုက်သည်။ အမှောင်ထုထဲတွင် အရာရာက မှုန်ဝါးဝါးသာ။

ညအမှောင်ထုကလည်းကြီးစိုးနေသည်မလို့ ခြံရှေ့ကလူကို သူ သဲသဲကွဲကွဲ မမြင်ရ။ ကြားရသည့်အသံအရ ယောက်ျားတစ်ဦး ပင်။

" ဗျို့ ဦးရောင်ခြည်...."

ခြံထဲကဘယ်သူမှ ထွက်မလာမခြင်း အော်ခေါ်နေသည်ကြောင့် အလွန်အရေးကြီးနေတဲ့ပုံပင်။
သည်လိုချောင်ကျသည့်ရပ်ကွက်လေးက ဒီလိုအချိန်ဆို အမှောင်ထုကကြီးစိုးနေလေပြီ။တစ်နေကုန်ဝမ်းစာအတွက်အလုပ်ကိုသာ ကုန်းရုန်းလုပ်ကိုင်ထားသည့်အရှိန်ကြောင့် ရပ်ကွက်ရှိလူတို့ဟာ ဒီအချိန်ဆိုအိပ်ကြပြီပင်။ အော်ခေါ်နေသည့်လူကလည်း နယ်ခံဟုတ်သည့်ပုံမပေါ်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now