မှတ်ချက်။ ။ သာဂရကို (သာဂယ်ရ ) လို့အသံထွက်ဖတ်ရပါတယ်။
အချိန်ကား....တစ်ပတ်ပင်ပြည့်လို့ သုံးရက်ပင်စွန်းနေလေပြီ။ဆယ်ရက်ဆိုတဲ့ အချိန်ကာလဟာမကြာပေမယ့်လည်း သူ့အတွက်တော့ အတော်လေးပင်ကြာသည်ဟု ထင်နေမိသည်။ နဂိုကတည်းက အလုပ်ကိစ္စနဲ့ နေပြည်တော်ဘက်သို့ ခရီးထွက်လာခဲ့ခြင်း၊ မော်တော်ကားသာမပျက်ခဲ့ရင် ချာတိတ်နဲ့သူဟာ ဆုံတွေ့ခဲ့မှာမဟုတ်။
ယခုလို အလုပ်ကိစ္စအလျင်လိုလာသည့်အခါတွင်တော့ နေပြည်တော်သို့ ညတွင်းချင်းပင် သူနဲ့သက်ခိုင်တို့ ခရီးနှင်ခဲ့လေသည်။ ခရီးသွားရင်း သာဂရ မြို့လေးက လူသားလေးတစ်ဦးထံတွင် သံယောစဥ် ဆိုတဲ့မျိုးစေ့ကို သူကိုယ်တိုင်ချခဲ့လေပြီ။ စကားကျွံရင်နုတ်ရခက်တယ်တဲ့၊ သာဂရသားလေးထံ နှလုံးသားကျွံမိတော့လည်း ရုန်းရခက်ပါတယ်ဗျာ။
ယခုလည်း သန်းခေါင်ကျော်နေလေပြီ။ လူကပြိုင်းနေပေမဲ့ လုပ်စရာအလုပ်တို့က စားပွဲပေါ်တွင်စာရွတ်၊စာတမ်းနဲ့အထပ်လိုက်။ ဒီရက်ပိုင်း လူကအလုပ်ထဲဘဲစိတ်ကိုနှစ်ထား၍လားမသိ အလုပ်လုပ်နေရင်း အိပ်ငိုက်လာရသည်။
ထို့အပြင် အရင်အလုပ်ခရီးများလို မလည်ပတ်နိုင်အားပေ။ အလုပ်စောပြီးလျှင် ချာတိတ်အား စောစောတွေ့နိုင်သည် မဟုတ်ပါလား။
လက်ထဲမှ စာရေးဖောင်တိန်အား စားပွဲထက်ချကာ မတ်တပ်ရပ်လိုက်သည်။ အိပ်လေဦးမှဘဲ လို့တွေးကာ ကုတင်နားသို့သွားလိုက်၏။
အိပ်ရာပေါ်တွင် လရောင်ဝင်းနေသောကြောင့် လင်းလတ်လျက်။ အလင်းကျရာဦးတည်ချက်ကိုကြည့်လိုက်လျှင် အခန်းပြတင်းပေါက်တွင်မှန်အကြည်တပ်ထားသောကြောင့်ဖြစ်လေသည်။ မှန်ပြတင်းပေါ်မှ ထင်းနေသော မိမိပုံရိပ်သည် အလုပ်ဒါဏ်ကြောင့် ပင်ပန်းနွမ်းလျမှုအထင်းသား။
ချာတိတ်ရှေ့မှာအမြဲတမ်းအပြုံးတွေပေးခဲ့တဲ့ နှုတ်ခမ်းဟာ မှန်ထဲကကိုယ့်ပုံရိပ်ကိုပင်ပြုံးပြချင်စိတ်မရှိခဲ့။ သက်ပြင်းကို ခပ်လေးလေးချရင်း ထိုနေရာမှ စောလွန်းတည်အကြည့်လွဲလိုက်ပြီး ကုတင်နားသို့လျှောက်သွားလိုက်သည်။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd