အပိုင်း - ၁၅

538 19 8
                                    

မတ်လရဲ့ ပူပြင်းတဲ့နွေ...၊ပူပြင်းတဲ့လရာသီမှာ မွေးဖွားခဲ့တဲ့ နိဒါန်းပျိုဆိုတဲ့ကျွန်တော် ။ဟိုးအရင်က ကျွန်တော့်အတွက်တော့ သိပ်ကိုအထီးကျန်ဆန်လွန်းတဲ့ရာသီ လို့တောင်ပြောလို့ရတယ် ။ နွေလယ်ရဲ့ပူလောင်ခြင်းနဲ့အတူ ခါးသီးမှုတွေနဲ့ ကျွန်တော်ဖြတ်သန်းဖူးတယ်။ ဒီတစ်ခါဖြတ်သန်းချိန်မှာတော့ မြစိမ်းရောင်မျက်ဝန်းတစ်စုံကြောင့်နွေးထွေးခဲ့ရပါ၏။ ထို့အ​ပြင် ကျွန်​တော့်အတွက် အေးချမ်းမှုရဲ့ ခိုလှုံရာဆိုသည်မှာလည်း ဦးတည်ရဲ့ မြစိမ်းရောင်မျက်ဝန်းတို့ကိုသာ အနက်အဓိပ္ပါယ်ဖွင့်ဆိုရလိမ့်မည်။

ရန်ကုန်မြို့ကြီးသို့သွားသည့်လမ်းမထက်တွင် အော်စတင်ကားတစ်စီးဟာ တရွေ့ရွေ့နှင့် အရှိန်မှန်မှန်မောင်းနှင်နေလေရဲ့။ ကားအတွင်းပိုင်းတွင်တော့ တိတ်ဆိတ်မှုဟာကြီးစိုးနေသည်။ အရှေ့ခန်းတွင် ကားမောင်းနေသော သက်ခိုင်သည် အနောက်ခန်းသို့တစ်ချက်လှည့်ကြည့်ပြီးနောက် မျက်လုံးများဝိုင်းသွားရ၏။

အလွန်တရာမှအေးစက်လှသော မိမိ၏သူဌေးမင်း၊ တစ်ပါးသူနှင့်ထိတွေ့ရသည်ကို မနှစ်မြို့သော သူဌေးမင်းဟာ လမ်းခုလတ်၌ကောက်ရခဲ့သောကောင်လေးအား တယုတယ ထွေးပွေ့ထားသည်မှာ ပဲ့ကြွေသွားမှာစိုးသည့်အလား။သက်ခိုင်စိတ်ထဲ ထိုပုံရိပ်က တစ်မျိုးတစ်မည်ထင်သွားစေပေမယ့်လည်း သူတွေးတာကိုမရပ်တန့်နိုင်ခဲ့။ မဟုတ်မှလွဲရော သူဌေးမင်းက ထိုကောင်လေးအပေါ်ကိုများ မေတ္တာ...သက်ဝင်နေရော့လား ။သူ့အတွေးကြောင့် ကားမောင်းနေရင်း သက်ခိုင်မျက်လုံးပြူးသွားရသည်။ မဖြစ်နိုင်ပါ၊ သူ့တော့မတွေးအပ်သင့်တာတွေ၊မထင်အပ်သင့်တာတွေ စဥ်းစားမိနေပြီ။ သူဘာလို့ဒီလိုကြောက်စရာကောင်းတဲ့ အတွေးမျိုးကိုတွေးနေမိပါလိမ့်။ သူ့အတွေးတွေကိုသာ သူဌေး​မင်းသိလို့ကတော့ သူဌေးမင်းရဲ့လက်စွဲကိုင်ပစ္စတိုသေနတ်ဟာ သူ့အတွက်ဖြစ်သွားပေလိမ့်မည်။

ထိုစဥ်။

" သက်ခိုင်... "

" ဗျ..ဗျာ...သူဌေးမင်း "

အထိပ်ထိပ်အပြာပြာဖြစ်နေတဲ့ သက်ခိုင်ပုံစံကြောင့်စောလွန်းတည် မျက်ခုံးတစ်ချက်ပင့်လိုက်၏။ ဘာဖြစ်ဖြစ် သူ့ကိစ္စမဟုတ်သည့်အတွက် မေးမနေတော့ပဲ သူပြောချင်သည့်အဓိက မေးခွန်းကိုသာမေးလိုက်သည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now