အချိန်က မနက် ၇ နာရီ။အပြင်တွင် နေရောင်ခြည်ကလည်း ဖြိုးဖြိုးဖျဖျလင်းလျက် ခြံဝန်းထဲရှိ ပန်းပင်များအားအလင်းဖြန့်ကျက်နေသည်။ မနက်အစောပိုင်းက ရေဖြင့်ထိထားပုံရသော ပန်းပင်များမှာ နေရောင်ခြည်အောက်တွင် ရေပြောက်ကလေးများကြောင့် လင်းလင်းလက်လက်လှပနေ၏။ မနက်ခင်းဟာ ဤသို့ဖြင့် တစ်မျိုးလှပနေခဲ့သည်။
နွေချစ်တို့အိမ်က မနက်ခုနစ်နာရီ ဆယ့်ငါးမိနစ်လောက်ဆိုရင် မနက်စာ,စားကြသည်။ ကိုယ့်အိမ်မှာလိုမဟုတ်တော့ မဆာလည်း သူများစားသလိုလိုက်စားရတာပါပဲ။ မနက်စာဝိုင်းတွင် နွေချစ် မုန့်ဟင်းခါးဝိုင်းပြင်နေတာကို နိဒါန်းပျိုက ပန်းကန်တွေကူသယ်ပေးရုံပဲ။ နွေချစ်ကတော့ လက်ကလည်းမုန့်ဖတ်တွေအား ခွဲထည့်နေသလို ပါးစပ်ကလည်း စကားပြောသည်မှာမရပ်ခဲ့။ သူကလည်း နွေချစ်ပြောလာသမျှအား ဒိုင်ခံ၍ခေါင်းညိတ်ပြသည်။
မုန့်ဖတ်ပန်းကန်နဲ့ဟင်းရည်ပန်းကန်တွေ အကုန်ချပြီးတော့ တစ်ယောက်စာမုန့်ဖတ်လေးတွေ ထည့်ထားသော ပန်းကန်တွေဆီမှာ ဇွန်းလိုက်ထည့်လိုက်သည်။ နိဒါန်းပျိုအပြင် ဧည့်သည်နှစ်ယောက်ပါတိုးလာသည်မို့ မနက်စာ စားပွဲမှာ ပန်းကန်သုံးချပ်ပါတိုးလာခဲ့သည်။ နွေချစ်က သူ နဲ့ စောလွန်းတည်ဆိုတဲ့လူအား ကိုဘေးချင်းကပ်လျက်နေရာချထားပေးသိကိုတွေ့၍ အနည်းငယ်တော့စိတ်ထဲနေရခက်သွားရသည်။
အကုန်လုံးကလည်း နေရာကိုယ်စီဝင်ထိုင်နေပြီမို့ သူလည်းမငြီးငြူတော့ပဲ နွေချစ်ချပေးထားသောနေရာတွင်သာဝင်ထိုင်လိုက်တော့သည်။ တကယ့်တကယ်ဝင်ထိုင်လိုက်တော့လည်း သူ့အာရုံနှင့်သူဖြစ်နေသော ဘေးကလူကြီးကြောင့် သိပ်တော့ဘဝင်မကျချင်။ သူကသာနေရခက်နေတာ။ ဟိုကရှိတယ်လို့တောင်မထင်သည့်ပုံမို့ အနည်းငယ်ပင်ရှက်သွားရသည်။
ထိုစဥ်နွေချစ်၏ အမေမှထပြောလေသည်။
" မောင်ရင်တို့ ထည့်စားလေ။ အဒေါ်ချက်တဲ့ မုန့်ဟင်းခါး ကိုအကြိုက်မတွေ့ဘူးလား ။ "
" ကြိုက်ပါတယ် အဒေါ် "
ထိုလူကြီး၏ လူယုံမှချက်ချင်းပြန်ဖြေလိုက်သည်ကိုကြည့်ရင်း နိဒါန်းပျိုသူ့ပန်းကန်ထဲအကြော်တချို့အားချေထည့်လိုက်သည်။ နွေချစ်ထဲကိုလည်း တစ်ခါတည်းထည့်ပေးဖို့မမေ့။ နွေချစ်ကအပြုံးသေးသေးလေးပြုံးပြ၍ သူထည့်ပေးလိုက်သောအကြော်များနှင့် မုန့်ဟင်းခါးကို သေချာမွှေနှောက်ပြီး အားရပါးရနှင့် ငုံ့စားနေသည်။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd