အပိုင်း - ၂၅.၂ ( Unicode )

230 10 0
                                    

အပိုင်းဆက်

ညီညာသည့်သွားတန်းလေးများပေါ်သည်အထိပြုံးကာ လက်ပိုက်လျက် ကားကိုမှီထားသောသမိုင်းဦးတည်ကိုတစ်လှည့် ခပ်လှမ်းလှမ်းကသူဌေးမင်းတို့ကိုတစ်လှည့်ကြည့်ရင်း သူကိုယ်တိုင်လည်းကြည်နူးရပါသည်။ သို့ပေမယ့် ထိုပျော်ရွှင်မှုရဲ့နောက်ကွယ်ကအမှန်တရားဟာတော့ ခါးသီးစွာတည်ရှိလျက်။ သက်ခိုင် ဘေးမှ သမိုင်းဦးတည်အား လေးလေးနက်နက်စိုက်ကြည့်ရင်း ထိုလူ့အားတိုးတိုးလေးခေါ်လိုက်မိသည်။

" သူဌေးလေး "

" ကျုပ်ကို သမိုင်းဦးတည် လို့ပဲခေါ်ပါ။အဲ့အတွက်ခင်ဗျားမှာအခွင့်ရှိတယ်။ အဲ့သူဌေး​လေး ဆိုတဲ့ဂုဏ်ပုဒ်ကြီးကို​တော့မခေါ်နဲ့ တစ်ခါကြားလိုက်တိုင်းနားထဲကန့်လန့်ကန့်လန့်နဲ့။ ခင်ဗျား စည်းခြားချင်တယ်ဆိုရင်လည်း တခြားနည်းကိုသုံး။ နာမည်ကအစလာပြီး စည်းမခြားနဲ့ ကျုပ်မကြိုက်ဘူးဟုတ်ပြီလား "

သက်ခိုင်နားထောင်ရင်း အသံတိတ်ကျသွားရသည်။ သခင်နှင့်အစေခံဆိုသည့် သိသာသည့်စည်းကိုတော့ခြားချင်ခဲ့တာအမှန်ပင်ဖြစ်နေ၍။သို့ပေမယ့် နာမည်ခေါ်ဆိုခွင့်ပေးတော့လည်း သူမငြင်းပါ။သူ့အတွက်လည်းခက်ခဲသည့်အရာမှမဟုတ်ဘဲ။

" သမိုင်းဦးတည် "

" အင်း.... "

" သူဌေးမင်းပြုံးနေတာကိုမင်းမြင်တယ်မလား "

" အင်း.... မြင်တယ်လေ။ ဘာလို့မေးတာလဲ.... "

" ဒါဆို ငါတို့သိတဲ့သူဌေးမင်းနောက်ဆုံးပြုံးခဲ့တဲ့အချိန်ကိုမင်းမှတ်မိသေးလား "

ရုတ်တရက်ပြုံးပျော်နေသည့်သမိုင်းဦးတည်ရဲ့မျက်နှာဟာ သူ့စကားကြောင့် ချက်ခြင်းတည်သွားလေသည်။ ပြီးနောက် နှုတ်ဖျားမှမပွင့်တပွင့်အသံနှင့် ပြန်ဖြေလာ၏။

" အင်း.... "

သမိုင်းဦးတည်ရဲ့ ထိုမျက်နှာပုံစံအားကြည့်ရင်း သူ မနေတတ်တော့ပေ။

" သမိုင်းဦးတည် "

" ဘာလဲဗျာ.... "

စိတ်မရှည်သည့်ဟန် ဂျစ်တစ်တစ်အသံနှင့် ပြန်ဖြေလာသည့် သမိုင်းဦးတည်အား ငေးကြည့်ကာ စိတ်မရှည်တတ်ရန်ကောဟူ၍တွေးမိ၏။ ထို့နောက် သက်ခိုင်အောက်နှုတ်ခမ်းအားဖိကိုက်၍ ပြောသင့်မပြောသင့်တွေဝေနေ​မိပြန်သည်။ ဒါပေမယ့် ဒီလူ့ရဲ့တည်ငြိမ်နေမှုကိုလည်းသူမကြိုက်။ ဘာလုပ်သင့်ပါသလဲ။ သူ စဥ်စားနေတုန်းမှာပဲ သမိုင်းဦးတည်က ပြောလာခဲ့သည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now