လေဆိပ်မှထွက်လာသည့်လမ်းတွင် သူ၏ ခြေလှမ်းများသည် အလာတုန်းကလိုရွှင်လန်းခြင်းကင်းမဲ့နေ၍။အသက်မဲ့နေခဲ့သည်ကို နိဒါန်းပျို သိသည်။ ဝေဟင်ထက်ပျံသန်းသွားသည့် လေယာဥ်အားကြည့်ရင်း မျက်ရည်တစ်စက်ကပေါက်ခနဲ။
" နိဒါန်းပျို ။ ကောင်လေးငိုနေသေးတာလား။ မငိုနဲ့တော့ ကိုယ့်အစ်ကို ဒီခေါက်အမြန်ဆုံးပြန်လာလိမ့်မယ် "
နောက်ပါးမှ ကိုသမိုင်းဦးတည်၏ အသံကြောင့် မျက်ရည်တို့အားကပြာကယာသုတ်ရင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ လက်တွဲထားသော အမျိုးသားနှစ်ယောက်အားတွေ့လိုက်ရသည့်အခိုက်အတန့်တွင် သူ နားလည်လိုက်သည်။ ဦးတည်ကို သူစောင့်မည်ပင်။ ဘယ်လောက်ပဲဲကြာကြာ။
" အစ်ကိုတို့က ဟိဟိ... "
နိဒါန်းပျိိုဘာရယ်မဟုတ် စနောက်လိုက်သောအခါ ကိုသက်ခိုင်က မျက်နှာကြီးနီလျက် ကိုသမိုင်းဦးတည်၏ လက်ထဲမှစတင်၍ရုန်းလေတော့သည်။ နောက်ဆုံးရုန်းမရတော့သည်ထင် တစ်ဖက်အားစူပုတ်ပုတ်နှင့်မျက်နှာလွဲသွားတော့သည်။ ကိုယ်သမိုင်းဦးတည်က ယနေ့တွင် သူ့ကဲ့သို့အညိုရောင်လှိုင်းတွန့်ဆံပင်ရှည်တွေအား ပုံမှန်ရက်တွေလို စည်းနှောင်ထားချင်းမရှိခဲ့။ နားရွက်အောက်လောက်ထိရှည်သော ဆံပင်တို့သည် လေယူရာယိမ်းနွှဲ့နေသည်မှာနူးညံံ့သည့်အသွင်အပြင်ကိုပုံဖော်နေ၍။ ပြီးတော့လည်း ပီပြင်သည့်မေးရိုးနှင့်မျက်နှာကျက ဦးတည်နှင့်ပင်ခပ်ဆင်ဆင်။ ထို့နောက် အညိုရောင်ပင်မယ့်လည်း ကြည်လင်နေသောမျက်စံက ဦးတည်ကဲ့သို့မြစိမ်းရောင်မျက်စံများနှင့်ကွဲသော်လည်း ကျဥ်းမြောင်းရှယ်သွယ်သောမျက်ဝန်းအိမ်အတွင်းတည်ရှိပုံမှာ တူနေခဲ့သည်။
ရှည်လျားသောအရပ်အမောင်း၊တောင့်တင်းသော ကိုယ်ခန္ဓာထက် ယနေ့မနက်ကဦးတည်ဝတ်ထားသော အညိုရောင်အနောက်တိုင်းဝတ်စုံပြည့်နှင့်အရောင်သာကွဲသည့် အစိမ်းပုတ်ရောင်အနောက်တိုင်းဝတ်စုံက သမိုင်းဦးတည်အား အရှိန်အဝါတစ်ခုတိုးစေခဲ့ပုံပင်။ သို့ပေမယ့် သမိုင်းဦးတည်၏အသားအရည်သည် ဝင်း၍အနည်းငယ်လတ်သည့်ဘက်သွား၍ ဦးတည်ကဲ့သို့ယောက်ျားဆန်သည့်ညိုစိုသောအသားအရည်နှင့်ယှဥ်သည့်အခါဆန့်ကျင်ဘက်ဆန်သည့် အလှဂုဏ်ကိုထုတ်ဖော်နေသယောင်ပင်။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd