အပိုင်း - ၁၆

409 17 0
                                    

လမ်းတွင်တစ်ခဏနားပြီး ရန်ကုန်သို့ခရီးပြန်ဆက်လာတည်းက ထပ်မံအိပ်ပျော်သွားသော ချာတိတ်ကိုကြည့်ရင်း စောလွန်းတည် အံံ့သြမိပါသည်။ သည်ကလေးမို့ စိတ်ချလက်ချအိပ်နိုင်သည်။ သူကတော့ ထိုအပြုအမူလေးတွေကြောင့် မနေနိုင်စွာအိပ်နေတဲ့ချာတိတ်ကို အကြင်နာအနမ်းများ ခိုးပြီးပေးတတ်သည်။ မြတ်နိုးရာလေး၏ ဆံနွယ်ကောက်လေးတို့ထက်တွင် သူ့အနမ်းနုနုတို့ဟာခြေရာထပ်လျက် တစိုက်မတ်မတ်နမ်းရှိုက်မိပြန်သော နဖူးသားလေးဟာလည်း သူ့အနမ်းများကြောင့် ပန်းရောင်ပင်သန်းလျက် ရှိနေ၏။

ညနေ ၂ နာရီတွင် ရန်ကုန်သို့ရောက်ရှိ၏။

ကားသည် မြို့များ၌တွေ့ရတတ်သော ကျောက်ခင်းလမ်းအတိုင်းမောင်းနှင်လာရာမှ ရင်းနှီးကျွမ်းဝင်သော မြေနီလမ်းတစ်ခုသို့ချိုးဝင်လာသည်။နွေရာသီ၏ ခပ်နွေးနွေးတိုက်လေကိုခွင်း၍ အဝေးဝယ် စိမ်းစိုသောသစ်ပင်ကြီးများကို ခပ်ရေးရေးမြင်ရ၏။ မြေနီလမ်းက သူ၏ပိုင်ဆိုင်မှုဖြစ်သော ခြံကျယ်ကြီးတစ်ခုအတွင်းသို့တည့်တည့်ဦးတည်သွား၏။ ထို့နောက် ခြံဝန်းထဲရှိ ခေတ်မီနှစ်ထပ်တိုက်ကြီး၏ ဆင်ဝင်အောက်တွင်ရပ်၏။

ကားရပ်ပြီးသည်နှင့် အရှေ့ခန်းမှ သက်ခိုင်မှ စကားဆိုလာ၏။

" သူဌေးမင်း အိမ်ပြန်ရောက်..ရောက်... "

စောလွန်းတည် သက်ခိုင်အား အကြည့်တစ်ချက်ပေးရင်း သတိပေးလိုက်၏။

" ရှူး~လေသံကိုလျော့စမ်း သက်ခိုင်၊ ချာတိတ်နိုးသွားမယ် နားလည်ရဲ့လား.... "

စကားပင်မဆုံးလိုက် သူဌေးမင်းရဲ့အကြည့်စူးစူးနှင့်စကားကြောင့် သက်ခိုင် ခေါင်းဆက်ဆက်ညိမ့်၍  ပါးစပ်ပိတ်သွားရသည်။ ထိုစဥ် ကားအနောက်ခန်းတံခါးကို သူဌေးမင်း၏ ဘဏ္ဍာစိုးဦးယက္ခမှတံခါးလာဖွင့်၏။ ဦးယက္ခ၏နောက်တွင်မူ အိမ်အုပ်ထိန်းရေးအကြီးအကဲဒေါ်မြိုင်နှင့် အိမ်၏ဝေရာဝစ္စအလုပ်သမလေးမိကျေးဥ တို့ရပ်စောင့်နေသည်။

ဦးယက္ခသည် ကားတံခါးကိုဖွင့်ပေးပြီးသည်နှင့် ထိုနေရာ၌ပင် ခေါင်းငုံံ့ရပ်နေလိုက်၏။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now