အပိုင်း - ၁၄

542 26 0
                                    

နိဒါန်းပျို ဆီမှအပြန်လမ်းတွင်....။

" နွေချစ်... "

" အင်း ပြောလေရိုးမ.. "

စက်ဘီးနောက်မှ လိုက်ပါလာသော နွေချစ်ကိုတစ်ချက်သူလှည့်ကြည့်လိုက်၏။ ပြီးနောက် ခပ်သွေ့သွေ့ခြောက်နေသော နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာတစ်ချက်ခန့်စိုစွတ်စေလိုက်ပြီးနောက် သူပြောလိုက်သည်။

" ဦးစောလွန်းတည်ကိုဘယ်လိုမြင်လဲ... "

နွေချစ်မျက်နှာမဲ့သွားရ၏။

လာပြန်ပြီ ဒီမေးခွန်း။ သူတို့ဟိုမှာတည်းက ဒီကိစ္စကိုပြောပြီးပြီမဟုတ်လား။ ဒါကိုရိုးမက သူ့စီကဘယ်လိုအဖြေကိုမျှော်လင့်လို့ ဒီမေးခွန်းကိုထပ်မေးရတာလဲ။ တစ်ကယ်ပဲ ဘာကိုသိချင်နေတာလဲ။

" ကဲ... ယင့်ရိုးမနောင် နင်အမှန်တကယ်သိချင်တာကဘာလဲ၊ ငါ့ကို ဒဲ့သာမေးစမ်းပါတော်၊ စိတ်ကသိပ်ရှည်တာမဟုတ်ဘူးနော်၊ ဝေ့လည်ကြောင်ပတ်သိပ်မလုပ်စမ်းနဲ့..."

ရိုးမ မဲ့ခနဲဖြစ်သွားရ၏။ လူပုစိတ်တို ခွေးပုရန်လိုဆိုတာ နွေချစ်မှ နွေချစ်အစစ်။ အရပ်ပုသလောက် စိတ်ကလည်းလက်တစ်ဆစ်။ ပြောလိုက်ရင်လည်း ဘုနဲ့ဘောက် ။

" နင် ငါမေးတာသာဖြေဟာ ၊ပြန်ပြန်မစွာနဲ့... "

" အမယ်နင်ကပဲပြောရတယ်ရှိသေး...ဟိုမှာတည်းက ပြောပြီးပြီလေ၊ ဦးစောလွန်းတည်ဟာ လူကြီးလူကောင်းတစ်ယောက် ပါလို့ "

" သူကလူကြီးလူကောင်းတစ်ဦးဆိုတာ ငါလည်းမငြင်းပါဘူး၊ ဒါပေမယ့်..... "

အင့်!!

" ဟာ ရိုးမစက်ဘီးရပ်မယ်ဆိုလည်းကြိုပြောလေ "

နွေချစ်ရဲ့ ခပ်ဆက်ဆက်အသံကိုကြားနေရပေမယ့်ရိုးမလှည့်မကြည့်သေး။ သူ့စက်ဘီးရှေ့က ပိတ်ရပ်နေသော အမျိုးသားကိုကြည့်၍သူ့နှုတ်ခမ်းတို့တည်တင်းသွားရသည်။

ထိုလူကား...ကိုစိုးမောင်မောင်။

" ဟဲ့..ဟဲ့ ဘာဖြစ်လို့လဲ "

စက်ဘီးနောက်မှ နွေချစ်သည် ကိုစိုးမောင်မောင်ကို ​မြင်သေးဟန်မတူ။ အဲ့တာနဲ့ သူလည်းပဲ နွေချစ်ကိုလှည့်ကြည့်၍ သတိပေးလိုက်၏။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now