အပိုင်း - ၁၃

465 22 1
                                    

" နိဒါန်း..."

အင့်!

" နွေချစ်... "

" နင် အဆင်ပြေရဲ့လား နိဒါန်း၊ ငါ အရမ်းစိုးရိမ်နေခဲ့တာ.."

ရင်ခွင်တိုးဝင်ဖက်တွယ်လာတဲ့ နွေချစ်ရဲ့ ကိုယ်လုံးအိအိလေးကို နိဒါန်းပျို နေရခက်ပေမယ့် ပြန်လည်ဖက်တွယ်လိုက်၏။ဖွံံ့ဖြိုးဆဲအရွယ်မိန်းကလေးတစ်ယောက်နှင့် ဖက်လည်းတကင်းနေချင်းဟာ အများအမြင်တွင် တစ်မျိုးတစ်ဖုံဖြစ်နိုင်သည်။နွေချစ်ကြည့်ရတာ အကြောင်းစုံကိုသိပြီး ဝမ်းနည်းနေပုံရသည်။ နွေချစ်က သူနဲ့ပတ်သတ်ရင် သိပ်ကိုခံစားလွယ်သည့် အစ်မကြီးတစ်ယောက်လိုပင်။ မေမေလေး သူ့ကိုဆူတိုင်း၊ ရိုက်တိုင်း အမြဲလိုလို အစ်မကြီးတစ်ယောက်လိုနှစ်သိမ့်ပေးတတ်သည်။ရံဖန်ရံခါ ညီမလေးတစ်ယောက်လိုလဲ သူ့အပေါ်ချွဲနွှဲ့တတ်ပါသေးသည်။ နွေချစ်ဆိုတဲ့ ကောင်မလေးဟာ သူ့ကိုဆိုသိပ်ကာကွယ်ပေးချင်တဲ့လူမျိုး။ သူအမြဲပြောနေကြ စကားလေးတစ်ခွန်းရှိသည်။ " နိဒါန်း နင်ကငါ့အတွက် ကမ္ဘာပေါ်မှာအကောင်းဆုံး ဒုတိယမိသားစုဝင်တစ်ယောက်ပါ "တဲ့။
နွေချစ်ရဲ့ ကျောပြင်လေးကိုအသာသပ်ပေးရင်း သူနှစ်သိမ့်စကားဆိုမိ၏။

" ငါ အဆင်ပြေပါတယ် နွေချစ် ဟုတ်ရဲ့လား၊ နင် မငိုနဲ့တော့ မဟုတ်ရင် ခေါင်းမူးလိမ့်မယ် နားလည်ရဲ့လားဟင် "
စကားလည်းဆိုရင်း နွေချစ်မျက်နှာထက်က မျက်ရည်တွေကို လက်မနဲ့ဖိသုတ်ပေးလိုက်သည်။ နွေချစ်နောက်က ရိုးမကိုကြည့်ပြန်တော့ မျက်ဝန်းတွေမြူဆိုင်းနေ၏။ ကြည့်ရတာ သူလည်း စိတ်မကောင်းသည့်ပုံပင်။

သူငယ်ချင်း​ကောင်းဆိုတာ ခဏတာခွဲခွာရလည်း အသည်းခိုက်မတတ် ဝမ်းနည်းနာကျင်ရတာမျိုး။ အဲ့လိုအချိန်တွေဆို သံယောစဥ်ကြိုးတွေဟာ ပုံသွင်းထားတဲ့ အဖျားချွန်အပ်များဏ္ဍာန် နှလုံးသားကို အကြိမ်ကြိမ်းထိုးစိုက်လို့ နာကျင်စေသည်။ ဒါဟာ ခွဲခွာခြင်းရဲ့ အစပျိုး နာကျင်မှုလေးပါပဲ။

ထိုစဥ်.. ။

နောက်ကျောဘက်မှ ချမ်းစိမ့်စိမ့်ခံစားချက်ကြောင့် နိဒါန်းပျို တစ်ချက်တုန်သွားရသည်။ ထို့ကြောင့် နိဒါန်းပျို အနောက်ဘက်သို့လှည့်ကြည့်လိုက်မိသည်။ ထိုအခါ တွေ့လိုက်ရသည်က....

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now