အပိုင်း - ၃၂ ( Zawgyi )

68 2 0
                                    

အတ္တကင်းသောအချစ်ဟူသည် ဤဘဒ္ဒကမ္ဘာတွင် အလွန်ရှားသည်။

ချစ်ခြင်း၏နောက်တွင် စွဲလမ်းတပ်မက်ခြင်းဆိုသည့် နွံဟာ အမြဲဒွန်တွဲနေ၏။

ရမ္မက်ဟူသည် အချစ်မှပေါက်ဖွားလာသည့် ပိုင်စိုးလိုမှုသာ။

ပိုင်စိုးလိုမှု၏နောက်တွင် ရူးသွပ်ခြင်းဟာပေါက်ဖွားရသည်။

သို့ပေမယ့် အချစ်သည် ပန်းပွင့်လေးလိုလှပါ၏။ထို့အတူ အထိအခိုက်မခံ ထိရှလွယ်သည့်ပန်းလေးဟာလည်း အချစ်သာပင်ဖြစ်သည်။

ထို့ကြောင့် ရက်စက်ခြင်းလည်းမည်ပါသည်။

မည်သို့ပင် အသည်းမာသည်ဆိုဆို အေးစက်သည်ဆိုဆို အချစ်ပန်းလေးအား လူတိုင်းက စူးစမ်းလိုသည်။

အချစ်သည် လူသားနှင့်မကင်းသည့် စိတ္တဇနာမ်တစ်ခုသာ။သို့ပေမယ့် အင်အားကြီးသည့် နာမ်တစ်ခု။

ခြုံပြောရရင် အရောင်သွေးစုံသော ခံစားချက်များနှင့် အချစ်ကိုဖွဲ့စည်းထားသည်ဟု ထင်မြင်မိသည်။

မှ....

ဟယ်ရီငြိမ်းမောင် ။

..........................
..........................

ကျောင်းသွားခါနီး ပြင်ဆင်နေချိန် ပြတင်းပေါက်အပြင်ဘက်မှ လေအေးတစ်ဖျက်တိုက်ခတ်မှုကြောင့် နိဒါန်းပျို အနည်းငယ်တုန်ရီသွားရသည်။ ဆိုကာမှ သည်ရက်ပိုင်းအတွင်း လူက ဘာဖြစ်နေမှန်းမသိ။အချိန်တိုင်း တစ်ယောက်ယောက်ရဲ့ စိုက်ကြည့်နေမှုကို ခံနေရသလိုမျိုး နိဒါန်းပျို စိတ်ထဲမလုံမခြုံဖြစ်နေသည်။ အခုလည်း ကျောင်းသွားဖို့ရာ အဝတ်လဲနေပေမယ့် စိတ်ကမရွှင်မသိုးမသန့်နှင့် မျက်ခုံးပင်ခပ်လှုပ်လှုပ်ဖြစ်နေ၍။

" စိတ်ထဲနေလို့မကောင်းလိုက်တာ။ ဦးတည်ကော အဆင်ပြေပါရဲ့လားမသိဘူး။ "

ခပ်သဲ့သဲ့ညည်းညူရင်း နိဒါန်းပျို ကော်လံပါလက်တိုအင်္ကျီလေး၏ နောက်ဆုံးကြယ်သီးအားစေ့တပ်လိုက်သည်။ မှန်ထဲက မိမိပုံရိပ်ကို တစ်ချက်ကြည့်လိုက်တော့ ဆံနွယ်ကောက်တွေက မျက်လုံးပင်ဖုံးလုမတတ်ရှည်နေခဲ့လေပြီ။ ခဏလောက်မှန်ထဲက မလန်းမဆန်းမျက်နှာကိုတစ်ချက်လောက်ထပ်ကြည့်ပြီး အံဆွဲထဲကခေါင်းစည်းကြိုးတစ်ကွင်းအားထုတ်ကာ ဆံပင်တို့အားအနောက်သို့လှန်၍စုစည်းထားလိုက်သည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now