အပိုင်း - ၃၄ ( Unicode )

161 9 0
                                    

" ဟာ.. ဒီမိုးကတော့ ကျောင်းဆင်းချိန်ဆိုလုပ်ပြီ... "

" ဟုတ်ပါ့ဟယ်... ကျောင်းစတက်တဲ့ရက်လေးမှာ လှလှပပလေးပြင်ဆင် ကျောင်းဆင်းတဲ့အချိန် ကိုလူပျို တစ်သိုက်ကိုအထာပေး​ပြီးငမ်း​ပြစ်မလို့ဟာ.. ခုတော့ဖြင့် မိုးကတအုန်းအုန်းနဲ့ လူတွေကလည်း တရုန်းရုန်းကိုဖြစ်လို့... "

" အမယ်လေးနော်.. ညည်းကလည်း အဲ့ကိစ္စပဲခေါင်းထဲထည့်မနေနဲ့... အခုနှစ်​ယောက်လုံးကထီးမပါဘူး ဘယ့်နှယ့်လုပ်ကြမတုန်း... "

" အိုတော်.. တို့​ချည်းပဲအပြစ်မတင်နဲ့လေ ယောင်းမကလည်း... တို့ကြံပါ့မယ်... "

ဂျိန်း!!

" အမယ်လေး! ဘုရား ကိုလူပျိုနဲ့ညား!! "

" ဟယ်... မိန်းမ လန့်လို့ဘုရားတတာတောင် ကိုလူပျိုကပါသေးတယ်။ တကယ်ပါပဲ ကြံမယ်ဆိုလည်း မြန်မြန်လေးကြံပါတော့ဟယ်... အဆောင်ကို မိုးတရွဲရွဲ ကြွက်စုတ်ကြွက်ပြတ်ကလေးလို ငါမပြန်ချင်ဘူး... "

" ... ဟော.. ဟိုမှာတွေ့လား.. "

" ဘာရီးလဲ... "

ဗြန်း!

" အာ့.. ယောင်းမ ဘာလို့ရိုက်တာလဲ.. "

" အရေးထဲ နင်ကလူပျိုငမ်းနေတာကိုဟဲ့.. အဲ့တော့ မှတ်လောက်သားလောက်အောင် တစ်ချက်ဗျင်းပေးလိုက်တာ ဘယ်နှယ့်ရှိစ... "

" ဘယ်ကသာ.. မငမ်းပါဘူး ယောင်းမကလည်း.. အဲ့တာ တို့မြန်မာစာက ပထမနှစ်လေး​တွေလေ။ ရုပ်လေးကလည်း ချစ်စရာကောင်းတော့ သဘောမနောလည်းကောင်းမှာဟ.. ဘေးမှာလည်း သူငယ်ချင်း မျက်နှာဖြူဘိလပ်သားလေးလည်းရှိတော့... ထီးတစ်ခုတော့ပိုနေမှာ.. တို့အကူအညီသွားတောင်းရင် သူတို့ ထီးငှားပေးလောက်တယ်လေ.. အဲ့တာပြတာကို ထင်ချင်ရာဇွတ်ထင်ပြီး ရိုက်ရသလားလို့... "

" အို.. တို့လည်း သိမှမသိပါပဲလေ။ နောက်နေ့ကျ တောင်းပန်တဲ့အနေနဲ့ မုန့်ကျွေးပါ့မယ်တော်.. အခုတော့ ကလေးတွေမသွားခင် သွက်သွက်ကလေး သွားမေးကြရအောင်.. "

......
......

" ဟိတ်! ကောင်ချောလေး "

" ... "

" ဟိတ်.. မင်းကိုခေါ်တာ အချောလေးရဲ့ "

" ကျွန်... ကျွန်တော်လား... "

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now