အပိုင်း - ၉

518 17 0
                                    


" ကဲ.. နွေချစ်မ ဘာတွေများအရေးကြီးလို့ အခေါ်တော်ရှိတာလိုက်တာလဲ...မေမေလေးကငါ့ကိုအမြင်မကြည်ရတဲ့အထဲ အပြင်ထွက်အလေလိုက်နေတယ်လို့ဆူနေမှဖြင့် ဘယ့်နှယ့်လုပ်မတုန်းဟ...."

နိဒါန်းပျိုရဲ့ ထိုသို့ညည်းညူသံအဆုံး နွေချစ်မျက်နှာဟာ မဲ့ရွဲ့သွားလေသည်။ ​နွေချစ်ရောင်ခြည်လည်း ခါးတွင်လက်နှစ်ဖက်အား ဟန်ပါပါထောက်လိုက်ရင်းက....

" ဟိုကဘယ်တုန်းကများအမြင်ကြည့်ဖူးလို့လဲ အမောင်နိဒါန်းပျိုရဲ့ တကတည်း​တော် နင့်မေမေလေးက နင်ဘာလုပ်လုပ်အမြင်မကြည်တဲ့ဟာ..ပြီးတော့...ငါခေါ်တာကလည်း နင်သိပြီးသားကိစ္စပါပဲ အဲ့တာအကူအညီလေးလိုလို့ခေါ်လိုက်တာကို "

" ဒါဆိုရင်ဖြင့်  ငါ့ကိုခေါ်တာကရော... "

" အဲ့ကိစ္စထဲ ကူညီရမှာ နင်လည်းပါတယ် ရိုးမ "

အမှန်ပင်။ နွေချစ်ရဲ့အိမ်တွင် ငယ်ငယ်တည်းကပေါင်းလာတဲ့ သူငယ်ချင်းသုံးယောက် မျက်နှာချင်းဆိုင်စုံကြခြင်းဖြစ်သည်။ တရားခံကတော့ နွေချစ်ရောင်ခြည်  အရေးကြီးကိစ္စတိုင်ပင်စရာရှိသည်ဟုဆို၍ သူနဲ့ ရိုးမကို အကူအညီတောင်းထားလေသည်။

ဘာကိစ္စကို ကူညီရမလဲဆိုတာတော့ နွေချစ်က မပြောသေး၍ သူနဲ့ ရိုးမလည်း အခုထိ မသိသေးပေ။

" နင်တို့မှတ်မိကြသေးလား ငါတို့ခုနှစ်တန်းနှစ်တုန်းကလေဟာ... "

နွေချစ်သည်စကားကိုဆုံးအောင်မပြော။ထိုအစား သူနှင့်ရိုးမအားတစ်လှည့်စီကြည့်ရင်း သံရှည်ဆွဲကာ အူကြောင်ကြောင်လုပ်နေခဲ့သည်။ ဤသည်ကိုပင် သူဘေးတွင်ထိုင်နေသော  ရိုးမကစိတ်မရှည်တော့ဟန် ထ၍ပြောလေတော့သည်။

" စကားပုလ္လင်မခံလေစမ်းနဲ့ နွေချစ်မ၊နို့..နင်ကဘာကိုပြောလို့ ငါတို့ကမှတ်မိရမှာတုန်း၊ ခုနစ်တန်းနှစ်ကဆိုမှဖြင့် နင်သစ်ပင်ပေါ်ထိအဆော့လွန်ပြီး ပြုတ်ကျ၊နောက်​​တော့လက်ကျိုးတဲ့အကြောင်းတော့မှတ်မိသေးပါရဲ့ ...."

ပြောပြီး လက်ထဲမှအကြမ်းရေခွက်အား ဟန်ပါပါကိုင်ရင်း ရိုးမ လေမှုတ်၍ အအေးခံလိုက်သည်။ သူ့ မျက်နှာထက်တွင်တော့ ပါးချိုင့်နှစ်ခုထင်းနေသည့် အပြုံးတစ်ပွင့်က နေရာယူထားခဲ့သည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now