" က, ကလေးငယ်ချစ်ဖွယ်
ခ, ခရေကုံး မလေးပြုံး
ဂ, ဂဏန်းသင် ပြုံးရွှင်ရွှင်
င, ငါးချိတ်ပေါင်းစားလို့ကောင်း
စ, လုံး,စခန်းသာ တောင်တန်းပြာ
ဆ,လိမ်, ဆရာမ ရိုသေကြ
ဇ, ဇလပ်ဖြူသင်းကြူကြူ
ည, ညနေခင်း ရေခပ်ဆင်း ..... "ကလေးများနှင့်သံပြိုင်သီဆိုကာ ရှေ့မှဦးဆောင်၍ ဟန်ပြနေသော ချာတိတ်ကိုကြည့်ရင်း နှုတ်ခမ်းထက်အပြုံးနုနုတို့က အလုအယက်ဝင်ရောက်နေရာယူသည်။ ချစ်ဖို့ကောင်းသည့်မျက်နှာအမူအရာလေးက ကလေးများနှင့်အပြိုင်။ မဟုတ်ဘူး။ ကလေးများထက်ပင် ပို၍ ချစ်ရာကောင်းသည်။
ရင့်ကျင့်ဟန်အမြဲပြသော ချာတိတ်လေးသည် သူ့ထံအလုအယက်တိုးဝင်ကာဖက်တွယ်လာသော ကလေးငယ်များကိုရင်ဖွင့်ကြိုရင်း အေးချမ်းစွာဖြင့်မျက်လုံးကလေးများမှိတ်သည်အထိပြုံးပျော်နေရှာသည်။
ချာတိတ်ကို တွေ့ချင်လွန်းအားကြီးလို့ ချာတိတ်အလုပ်,လုပ်နေတဲ့ စာအုပ်ဆိုင်ကိုရောက်ခဲ့ပါသော်လည်း ' ယနေ့ဆိုင်ပိတ်သည်' ဆိုတဲ့ ဆိုင်းပုဒ်ငယ်လေးက သူ့အား ပျက်ရယ်ပြုနေသလိုပင်။ အရင်ရက်တွေက အမြဲတမ်းအကြောင်းရှာ၍ ဆက်တိုက်လာခဲ့မိ၍လားမသိ။ ကံတရားက ဒီနေ့တော့သူ့ဘက်မပါပေ။
တွေ့ချင်သည့်လူအား မတွေ့ရသောကြောင့် စိတ်ပျက်အားငယ်ခြင်းတို့က အလုအယက်ဝင်ရောက်ကာစိတ်ကိုပင်ပန်းနွမ်းနယ်စေသည်။ ကားဖြင့် လာရာလမ်းကိုပြန်နေရင်း လမ်းတစ်ဖက်က ညောင်ပင်ကြီးအောက်တွင် တွေ့လိုက်ရသည့် ကျောပြင်ငယ်လေးကြောင့်, ကားကို လမ်းဘေးတစ်နေရာသို့ကမန်းကတမ်းထိုးရပ်ကာ အပြေးအလွှားပင် အတည်ပြုမိသည်။
တကယ်ကို ချာတိတ်ပါပဲ...။
သူတစ်မနက်လုံး လိုက်ရှာနေရသူလေး။ ယခုတော့ ကံတရားဟာသူ့ဘက်သို့ပြန်ပါလာပုံပင်။ တွေ့ချင်နေသည့်လူအားတွေ့လိုက်ရဖြင့် စောလွန်းတည် သက်ပြင်းသဲ့သဲ့ချရင်း ပြုံးလိုက်မိသည်။
ကလေးငယ်များဝန်းရံထားသည့် အလယ်မှာချာတိတ်က သူ့မြင်ကွင်းထဲမှာထင်းခနဲ။ ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေရင်း အမူအရာဟန်ပန်အပြည့်ဖြင့် ပုံစံကလေးတွေဖော်ကာ ' က၊ခ၊ဂ.. ' ကဗျာကလေးကို သင်ကြားပို့ချနေသော ပုံရိပ်က သူ့နှလုံးသားကိုတလှပ်လှပ်ဖြစ်စေသည့်လှိုင်းပွက်ငယ်လေးများ ဖြစ်ပေါ်လာစေသည်။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd