" ဒီစာအုပ် သုံးအုပ်ငှားမယ် မောင်လေး "" အစ်မ ဘယ်နှရက်လောက်ငှားခြင်တာလဲဗျ? "
" တစ်လမောင်လေး အစ်မ ကျပ်တစ်ဆယ် တစ်ခါတည်းပေးခဲ့လိုက်မယ် ....။ စာရင်းထဲမှာ အစ်မနာမည် ငှားတဲ့နေ့ ရက်စွဲ အကုန်ဖြည့်ခဲ့တယ်နော်....တ့ာတာ အလျင်လိုနေလို့ အစ်မသွားပြီ "
စာအုပ်ငှားကာ အလျင်စလိုထွက်သော အပြုံးချိုချိုနှင့် အစ်မအား အပြုံးကလေးနှင့်ပင် နှုတ်ဆက်လိုက်သည်။ မေမေလေး၏ နေ့စဥ် 'အလုပ်လက်မဲ့ ဆန်ကုန်မြေလေး' ဆိုသည့်စကားကြောင့် အလုပ်ရှာရာကနေ'ဘဝ' ဆိုတဲ့ စာအုပ်ဆိုင်လေးတွင် အလုပ်လေးတစ်နေရာရခဲ့သည်။လစာသည် အရမ်းကြီးမများတစ်လ ကျပ်နှစ်ဆယ် ရသည်။သူလုပ်ရမည့်အလုပ်ကား စာအုပ်ဆိုင်အဝင်ဝ,က စားပွဲခုံမြင့်ကြီးရဲ့နောက်က ထိုင်ခုံလေးမှာထိုင်ပြီး, စာအုပ်ငှားသူလာရင် နာမည်စာရင်းလေးနဲ့ နေ့စွဲလေးမှတ် ပိုက်ဆံလေး သိမ်းယုံသာ။
ဒါလေးလုပ်ရုံနဲ့ ပိုက်ဆံ ကျပ်နှစ်ဆယ်ရတာ တန်သည်ထက်ပိုပါသည်။နောက်ပြီး သူဒီမှာ အလုပ်ရတာ တစ်လကျော်နေပါပြီ။ ဒီအတောအတွင်း မေမေလေးကလည်း သူ့ကိုမဆူငေါက်သဖြင့် သာသာယာယာပင်ဖြစ်နေခဲ့သည်။
ထူဆန်းသည်က မေမေလေး အရင်ကထက်အပြင်ပိုထွက်လာသည်။ တစ်ခါတစ်လေ မိုးချုပ်သည့်အချိန်မှ ပြန်လာတက်သည့်ရက်များလည်းရှိသည်။
ဘာတွေလုပ်နေမှန်းတော့ သူလည်းမသိ...။
"သား... နိဒါန်းပျို ဆိုင်ကို မင်းပဲသော့ခတ်သွားတော့ အဘ သွားစရာလေးရှိလို့ ဒီနေ့စောစောပြန်တော့မယ်"
" ဟုတ်ကဲ့ အဘ.... သား ဆိုင်ကို သေချာ သိမ်းလိုက်ပါမယ် "
သူအားပြောပြီးသည်နှင့် ဆိုင်ပြင်သို့ထွက်သွားသော အဘစစ်ခွန်နောင်၏ ကျောပြင်အားရပ်ကြည့်ရင်းကျန်ခဲ့သည်။ ခြေတစ်ဖက်သိပ်မသန်သည့် အဘဟာ တုတ်ကောင်ကို အားပြု၍ နေစဥ်သွားလာသည်။
အငြိမ်းစား စစ်ဗိုလ်တစ်ယောက်ပင်ဖြစ်သည့်အတွက် စိတ်ဓာတ်ပြင်းတယ်လို့ပဲဆိုရမလား။ စစ်ဗိုလ်ဆိုသည့်အတိုင်း စည်းကမ်းလည်းအလွန်ကြီးပေသည်။ စည်ကမ်းကြီးပေမဲ့ သဘောလည်းလွတ်ကောင်း၏။ သူဒီဆိုင်လေးကို စရောက်တုန်းကဆို အဘကစစ်ဗိုလ်ဆိုသည့်အတွက်ကြောင့်ရော တည်ကြည်ဖြောင့်မက်သည့် အဘပုံစံကြောင့်ရော တော်တော်လေး လူရှိန်မိပါသည် ။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd