အပိုင်း - ၃၁ ( Unicode )

194 5 0
                                    

တစ်ကယ်တော့ မြင်မြင်ချင်းအချစ်ဆိုတာ ပုံပြင်တွေ၊ဇာတ်လမ်းတွေထဲမှာပဲရှိတဲ့ဖြစ်စဥ်လို့ သူယုံကြည်ခဲ့တာ။တစ်​နေ့ကအထိပဲဆိုပါတော့။ပြီးတော့ ထိုလူ့ကို မတွေ့ခင်အချိန်ထိပဲ။

ဒါဆို ချစ်ချင်းမေတ္တာကိုဘာနဲ့တိုင်းတာသလဲ။ ဘယ်အရာကိုချစ်ချင်းမေတ္တာလို့ခေါ်သလဲ။ ဘယ်လိုခံစားချက်ကို အချစ်ဟုခေါင်းစဥ်တပ်ပါသလဲ။ အချစ်ဆိုတာကရော ဘယ်အချိန်မျိုးမှာ ပေါ်လာတတ်တာလဲ။ နောက်ဆုံး အချစ်ဆိုတာ ဘာလဲ။

နှစ်တွေအကြာကြီးသိကျွမ်းခဲ့လို့ သံယောစဥ်ဆိုတာဖြစ်တည်လာတယ်။ ဒါဆို သံယောစဥ်တွေကြောင့် အချစ်ကဖြစ်ပေါ်လာတာများလား။ စာအုပ်တွေထဲမှာ တွေ့တွေ့နေရတဲ့ အချစ်ဦးဆိုတာ ဘယ်ကနေစဖြစ်တာများလဲ။ သံယောစဥ်တွေကို အခြေခံပြီးဖြစ်တည်လာတာလား။ ဒါဆို သံယောစဥ်တွေနဲ့ မချည်နှောင်ထားပါဘဲနဲ့ရော ချစ်ခွင့်မရှိဘူးလား။ ဒီအတိုင်းလေးပဲ သူ့ကိုချစ်လို့မရဘူးလား။

သူ တဲ့။ ဟုတ်တာပေါ့။ ကျွန်တော်မြင်မြင်ချင်း ချစ်မိသွားသူ။ သူက ကျွန်တော့်ကိုစတွေ့ထဲက မနှစ်သက်ဘူးဆိုတာ သူ့မျက်ဝန်းတွေကိုဖတ်ရင်း ကျွန်တော်သိခဲ့ရတယ်။ သူ့ရဲ့ထိုအကြည့်တွေကကျွန်တော့်အတွက်ဘယ်လောက်တောင်ရိုက်ချက်ပြင်းလဲဆိုတာ ကျွန်တော့်နှလုံးသားထဲပြင်းထန်တဲ့မုန်တိုင်းတစ်ခုမွှေနှောက်တိုက်ခတ်သွားသလိုပါပဲ။ နာကျင်မှုနဲ့ပျက်စီးမှုကအတိုင်းအဆမရှိဘူးလို့တောင်ထင်ရတယ်။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ မြင်မြင်ချင်းအချစ်ဟာ နာကျင်မှုတွေနဲ့အစပျိုးခဲ့တယ်ဆိုပါတော့။

မှတ်မှတ်ရရ ကျွန်တော်တို့စတွေ့ပုံလေးကလည်း အမှတ်တရကောင်းတစ်ခုတော့မဟုတ်ခဲ့ဘူးဆိုပေမယ့် ကျွန်တော့်အတွက်တော့ အချစ်ကိုတွေ့တဲ့နေ့ ဟုသာခေါင်းစဥ်တပ်ရင်း မြတ်နိုးလျက်ပါပဲ။

ထိုနေ့က။

" ကိုချစ်တီးရေ ရောက်ဖို့လိုသေးလား "

"..."

" ကိုချစ်တီးရေ "

" ဗျ.. ဗျာ သခင်လေး "

ဟယ်ရီ သက်ပြင်းသာ ချလိုက်မိတော့သည်။

" ဘယ်တွေစိတ်ရောက်နေသလဲ ကိုချစ်တီးရ။ ရောက်ဖို့လိုသေးလားမေးနေတာ ပြန်မဖြေဘူးဗျာ။ "

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now