အပိုင်း - ( ၃၅ ) { Unicode }

153 13 0
                                    

စာမျက်နှာ { ၂ }

တစ်ခါတလေ
ခင်ဗျားကိုချစ်ရတာကလေ
ကျယ်ပြောလှတဲ့ ကောင်းကင်ပြင်ကျယ်ကြီးထဲက
ကြယ်လေးတစ်ပွင့်ကိုရှာရသလိုပဲ
လမ်းစတွေလည်းပျောက်သလို

ကျွန်တော့်လက်ထဲ
ကိုယ်တိုင်ကြွေကျလာပါစေလို့လည်း
ဆုတောင်းနေမိတယ်။

မှ

ဟယ်ရီငြိမ်းမောင် ။

........
........
........

မိုးကုတ်စက်ဝိုင်းကြီးက တစ်ပတ်လည်လို့တစ်နေ့တာက ကုန်ဆုံးသွားခဲ့ပြီ။ သည်းနေတဲ့မိုးရေတွေလည်းစဲသွားပြီ။ အေးတစိမ့်စိမ့်အစိုဓာတ်က လေထုထဲဝယ်ပျော်ဝင်နေ၏။ မိုးရေတို့အားခံယူသောက်သုံးခဲ့သော မဟာပထဝီမြေကြီး၌လည်း မြေသင်းရနံံ့လေးက ခပ်သင်းသင်းခပ်ပြပြ။ အမှောင်ရိပ်ကလေးသမ်းလာလေလေ အချမ်းဓာတ်ကလေးပိုလာလေဆိုတာ ဒီလိုနေ့မျိုးပင်ဖြစ်မည်။

ခြံထဲရှိ မီးတိုင်များမှ ပုစွန်စီရောင်ရင့်ရင့် အလင်းပြန်မှုကြောင့် တသီးတသန့်လင်းထင်းနေ၏။ သို့ရာတွင် အိမ်တော်ကြီးအတွင်းမှ ဖြူပျပျအလင်းရောင်ကိုတော့ မတုယှဥ်နိုင်ပေ။ သို့သော် သူ့နေရာနှင့်သူတော့ အလင်းရောင်ဖြန့်ပေးနေကြသည်သာ။

" ဟက်..ဟက်ချိုး... "

" ကဲ.. နှာစေးပြီ။ ကိုယ့်စကားနားမထောင်ပဲ မိုးရေထဲဇွတ်ပြေးတာကို အခုတော့ဖြစ်ပြီ မဟုတ်လား။ အဲ့တာကြောင့် ပြောတာ ချာတိတ်ကို ဆိုး... "

စောလွန်းတည် ဆက်မပြောပဲရပ်လိုက်သည်။

မိုးရေထဲပြေးလွှားနေသော ချာတိတ်ရဲ့ပုံရိပ်ကို ထပ်တွေးမိရင်း ခေါင်းခါယမ်းမိကာ သက်ပြင်းချလိုက်ချိန် ရုတ်ချည်းဆိုသလို ပင့်ကြည့်လာသော အရည်လဲ့နေသည့်မျက်ဝန်းနက်လေးတွေကြောင့် ဆက်ပြောတော့မည်စကားတို့အား အရှိန်မလွန်ခင် ပြန်မြိုချလိုက်ရ​တော့သည်။

အဲဒီအကြည့်က သူလေသံမာလိုက်တာနဲ့ ချက်ချင်းထငိုတော့မယ့် မျက်နှာပုံစံမျိုး။ အခုတောင် သနားကမား လူကို ကြည့်လာတာ တောက်လျှောက်အလျော့ပေးလာမှန်းသိတော့ ချာတိတ်က ဂျစ်ချင်၊ဆိုးချင်လာသည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now