အပိုင်း - ၄

1K 48 0
                                    

အိမ်ထဲပြန်ရောက်တော့ အချိန်က ၁၁ နာရီပင်ထိုးသွားလေပြီ။

နိဒါန်း ခြံထဲဆင်းတုန်းက ယူသွားခဲ့သည့် မီးအိမ်လေးကို မီးငြိမ်းသတ်လိုက်ရင်း ဧည့်ခန်းက ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည် ။ ဧည့်ခန်းတွင် ရေနံဆီမီးအိမ်လေးတစ်ခုထွန်းထားသည်မို့ အလင်းမှုန်မှုန်ကလေးရနေသည်။

သူထိုင်နေသည်ကို ဦးရောင်ခြည်က မြင်တော့...

" ဦးကြီးဖြင့် သားကို ကျေးဇူးတင်ပါတယ်၊
မောင်စောလွန်းတည်က ဦးကြီးရဲ့ စီးပွားရေး မိတ်ဖတ်လည်းဖြစ်သလို ကျေးဇူးရှင်လည်း ဟုတ်တယ် ကွယ့် "

နိဒါန်းပျို  ပြုံး၍ ခေါင်းခါပြမိသည်။

" မဟုတ်တာ ၊ သားအိပ်မပျော်တဲ့နေ့မှ ဦးကြီးတို့အိမ် ဧည့်သည်လာချိန်က တိုက်ဆိုင်သွားတာပါ "

စောလွန်းတည်က ဝင်မေးလိုက်သည်။

" ဒီက ချာ... အဲ..ကောင်လေး က ဘယ်သူလဲ သိခွင့်ရှိမလား၊ နို့ ဦးရောင်ခြည်ရဲ့သားကို ကိုယ်မြင်ဖူးပါရဲ့။ "

" ဒါက ဦးလေးရဲ့ တူလို့ပြောလို့ရပါတယ်ကွယ်၊ နို့ မောင်ရင် သိမလားတော့ မသိဘူး ၊ပွဲစားကြီး ဦးညီထွန်းရဲ့
သားလေ "

စောလွန်းတည် ခဏတော့ ပြန်စဥ်းစားလိုက်သည်။ အတန်ကြာမှ သတိရကာ....၊

" လွန်ခဲ့တဲ့ ၂ နှစ်က နာမည်ကြီး ပွဲစားဦးညီထွန်းမလား၊ ကျုပ်သိပါရဲ့ သိပါတယ်၊ ကျုပ်နဲ့တောင် အလုပ်တွဲလုပ် မိပါသေးရဲ့ "

" ဟုတ်တယ်၊ ဒီကလေးက အဲဒီ ညီထွန်းရဲ့ သားလေးပဲ... "

နိဒါန်းပျို ဘာမှဝင်မပြောဘဲ ဘေးကနေသာ ဦးကြီးတို့ရဲ့ စကားဝိုင်းကို နားထောင်နေမိသည်။ မိမိ အဖေရဲ့ အကြောင်းပြောနေသည်မလို့ အဖေ့ကိုတောင် လွမ်းဆွတ်မိပါသေးသည်။ ပြီးတော့ ရှေ့က ဧည့်သည်နှင့် ဖေဖေကသိခဲ့ဖူးပုံပင်။ ဖေဖေ့အကြောင်းကို ဒီလူကြီးသိနေသည်။

ရုတ်တရက် မျက်နှာချင်းဆိုင်က လူကိုလှမ်းကြည့်မိတော့ သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

နိဒါန်းပျို အလိုလိုနေရင်း ခေါင်းငုံ့သွားမိသည်။

မြစိမ်းရောင် မျက်ဝန်းတွေက ရေနံဆီမီးရောင်အောက်မှာတောင် စူးစူးရှရှတောက်ပနေ၍။ ချောမောခန့်ထည်သည့်မျက်နှာအစိတ်အပိုင်းတစ်ချို့က ဆံပင်ရဲ့အရိပ်ကျမှုကြောင့် သိပ်တော့မသဲကွဲ။ ဒါပေမယ့် ထိုလူက လူချောတစ်ယောက်ပင်ဖြစ်နိုင်သည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now