အပိုင်း - ၂၀ ( Unicode )

432 17 3
                                    

" မင်းလက်ထဲက ငွေကိုအသာတကြည်ပေးလိုက်ကောင်လေး... "

" အသားမနာပြီးအိမ်မပြန်ချင်ဘူးမလား..ဟက်..မင်းလက်ထဲက ငွေကိုပေး.. "

ဉာဏ်မြတ်ထွန်း သူရှေ့မှ သူ့ထက်အနည်းငယ်သာကြီးပုံရသော လူမိုက်သုံးယောက်အား စူးစိုက်ကြည့်နေမိသည်။တဖက်တွင်လည်း ဘယ်ဘက်လက်ဖဝါးထဲက ငွေကျပ်သုံးဆယ်အားခပ်တင်းတင်းဆုပ်ကိုင်လျက် ပြေးပေါက်ရှာရန်ကြိုးစားနေမိပြန်သည်။

" ဟိတ်ကောင် ပြောနေတယ်!! ဒီ ခွေးမသားကတော့ သေချင်နေ တာလား!!! "

" အင့်.. "

ထိုသုံးယောက်ထဲမှအသားမဲမဲနှင့် ဝတုတ်တုတ်လူက သူပခုံးအား လက်ဖြင့်တွန်းလိုက်လေခြင်း..။ ရုတ်တရက်အခြေအနေကြောင့်ရော ထိုလူ့ရဲ့အင်အားသုံးတွန်းတိုက်မှုကြောင့်ပါ ဉာဏ်မြတ်ထွန်း နာကျင်စွာထွက်လာသည့်ညည်းသံတိုးတိုးကိုမထိန်းလိုက်နိုင်။ ဒါဟာ ထိုလူတွေအတွက် နိုင်ကွက်ပေးလိုက်သလိုဖြစ်သွားစေသည့်ပုံပင်။ စျေးမှအိမ်အပြန်လမ်းတွင်လည်းဖြစ်တာကတစ်ကြောင်း ညနေဘက် လမ်းတွင်လူသွားလူလာပျက်တာကတစ်ကြောင်းကြောင့်ဒီနေရာတွင် သူနှင့် ထိုလူမိုက်သုံးယောက်သာရှိသည်။

" ဟားဟား..လူကလည်းယောက်ျားဖြစ်ပြီးပျော့ဖတ်နေလိုက်တာကွာ..ဘာလဲအခြောက်လေးလား...ဟား..ဟား.. "

" အေးကွာ..အခြောက်လေး..အခြောက်လေး..ဒီက ကိုကြီးတွေကို အသာတကြည်ငွေသာပေးလိုက်စမ်းပါကွာ..အဲ့တာဆို ဒီအကိုကြီးတွေကမင်းကိုဘာမှမလုပ်ဘူး..ဟား..ဟား... "

" .............. "

ဉာဏ်မြတ်ထွန်း အံကိုတင်းတင်းကြိတ်လျက် အသံတိတ်၍သာ ဆိတ်ဆိတ်ငြိမ်နေလိုက်သည်။ ဒါကို ထိုလူတွေမြင်သည့်အခါ ရွံရှာစိတ်ပျက်ဖွယ်ကောင်းသောအကြည့်တွေနဲ့ သူ့ခန္ဓာကိုယ်အားအထက်အောက်စုန်ဆန်၍ကြည့်လာလေ၏။ ဉာဏ်မြတ်ထွန်းကိုယ်က ထိုအကြည့်တွေကြောင့် တဖြည်းဖြည်းတုန်ရီစပြုလာသည်။ သူက ယောက်ျားတစ်ယောက်..အဲ့လိုတွေလာမကြည့်နဲ့။

" ..လွှတ်..ဟိတ်လူလွှတ်... "

သူ့ခါးကိုဖက်သလားရမ်းသလား လုပ်လာတဲ့လူကြောင့် ဉာဏ်မြတ်ထွန်း အတင်းကန်ရုန်းကန်လို့ပြန်လည်ခုခံလိုက်သည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now