အပိုင်း - ၃၂ ( Unicode )

196 5 0
                                    

အတ္တကင်းသောအချစ်ဟူသည်ဘဒ္ဒကမ္ဘာတွင် အလွန်ရှားသည်

ချစ်ခြင်းနောက်တွင် စွဲလမ်းတပ်မက်ခြင်းဆိုည့် နွံဟာမြဲဒွန်တွဲနေ၏။

ရမ္မက်ဟူသည် အချစ်မှပေါက်ဖွားလာည့် ပိုင်စိုးလိုမှုသာ

ပိုင်စိုးလိုမှုနောက်တွင် ရူးသွပ်ခြင်းဟာပေါက်ဖွားသည်

သို့ပေယ့် အချစ်သည် ပန်းပွင့်လေးလိုလှပါ၏။ထို့အတူ အထိအခိုက်ခံ ထိရှလွယ်ည့်ပန်းလေးဟာလည်း အချစ်သာပင်ဖြစ်သည်

ထို့ကြောင့် ရက်စက်ခြင်းလည်းမည်ပါသည်

မည်သို့ပင် အသည်းမာသည်ဆိုဆို အေးစက်သည်ဆိုဆို အချစ်ပန်းလေးအား လူတိုင်းက စူးစမ်းလိုသည်

အချစ်သည် လူသားနှင့်ကင်းည့် စိတ္တဇနာမ်တစ်ခုသာသို့ပေယ့် အင်အားကြီးည့် နာမ်တစ်ခု

ခြုံပြောရင် အရောင်သွေးစုံသော ခံစားချက်များနှင့် အချစ်ကိုဖွဲ့စည်းထားသည်ဟု ထင်မြင်မိသည်

မှ....

ဟယ်ရီငြိမ်းမောင်

..........................
..........................

ကျောင်းသွားခါနီး ပြင်ဆင်နေချိန် ပြတင်းပေါက်အပြင်ဘက်မှ လေအေးတစ်ဖျက်တိုက်ခတ်မှုကြောင့် နိဒါန်းပျို အနည်းငယ်တုန်ရီသွားရသည်။ ဆိုကာမှ သည်ရက်ပိုင်းအတွင်း လူက ဘာဖြစ်နေမှန်းမသိ။အချိန်တိုင်း တစ်ယောက်ယောက်ရဲ့ စိုက်ကြည့်နေမှုကို ခံနေရသလိုမျိုး နိဒါန်းပျို စိတ်ထဲမလုံမခြုံဖြစ်နေသည်။ အခုလည်း ကျောင်းသွားဖို့ရာ အဝတ်လဲနေပေမယ့် စိတ်ကမရွှင်မသိုးမသန့်နှင့် မျက်ခုံးပင်ခပ်လှုပ်လှုပ်ဖြစ်နေ၍။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now