chapter -100-[ဘယ်ရီရိုင်းများစုဆောင်းပြီး ပြန်လည်ဖြန့်ဖြူးခြင်းလုပ်ငန်း]

1.9K 248 0
                                    

chapter -100-[ဘယ်ရီရိုင်းများစုဆောင်းပြီး ပြန်လည်ဖြန့်ဖြူးခြင်းလုပ်ငန်း]

လုလင်းက ချန်းရှောင်မိုင် ၊ ချင်းမျန်နဲ့ ကျောင်းရွေ့တို့ကို ရွာသို့အတူတူခေါ်သွားသည် ။ ရွာရောက်ပြီး မကြာခင်မှာပဲ ရွာသားတချို့က လုလင်းကို လာနှုတ်ဆက်ကြသည် ။

ရွာကလူများစွာဟာ ချန်းရှောင်မီနဲ့လုလင်းတို့က ဆိုင်မှာ ငွေအလွဲသုံးစားလုပ်ကြတယ်လို့ အတင်းအဖျင်းပြောကြသော်လည်း လူချင်းတွေ့ချိန်မှာတော့ ယဉ်ကျေးကြဆဲဖြစ်သည်။ ပြီးတော့ ရွာသားတွေရဲ့မျက်လုံးထဲမှာ လုလင်းက အရည်အချင်းရှိတဲ့သူဖြစ်သည်။ ရွာကလူအများစုက ငွေရဖို့လုလင်းကိုမှီခိုရတာကြောင့် သဘော‌ဝကျကျပင် လုလင်းကိုစော်ကားလို့ မကောင်းပေ ။

လုလင်းက ဘယ်ရီရိုင်းတွေဝယ်ဖို့ ဒီကိုရောက်လာတဲ့အကြောင်း အသိပေးခဲ့သည် ။

အရင်နှစ်ကလို သူ့အတွက်ဘယ်ရီရိုင်းတွေကောက်ပေးမယ့် ကလေး တချို့ကို ရှာဖွေချင်တာမို့ ရွာသားတွေက ရုတ်ရုတ်သဲသဲဖြစ်လာကြသည် ။

ကျောင်းရွေ့ကလုလင်းကိုကြည့်ပြီး စိတ်ရှုပ်ထွေးစွာမေးသည် ။

" အစ်ကိုလင်း ကျွန်တော်တို့က ဘယ်ရီသီးရိုင်းတွေအများကြီးကို ဘာလို့စုဆောင်းတာလဲ များမကြာခင်ဆို အားလုံး ပျက်စီးကုန်လိမ့်မယ် ။ "

အတော်လေးပူနေပြီမို့ မလတ်ဆတ်တဲ့ဘယ်ရီသီးရိုင်းတွေကိုစားပြီးနောက် လူတွေက အပြေးအလွှားဖြင့် သမားတော်ကိုပေးဖို့ ငွေကုန်ကြေးကျခံရသည် ။

လုလင်းက ပြုံးပြီးပြောသည် ။

" စိတ်မပူပါနဲ့ ရွေ့ အဲ့ဒါတွေကို ငွေရဖို့ရောင်းမှာ "

ကျောင်းရွေ့က သုန်မှုန်စွာပြောသည် ။

" ဒီပစ္စည်းတွေက ရောင်းဖို့မလွယ်ဘူး ။ "

လုလင်းက အဓိပ္ပာယ်အပြည့်ရှိတဲ့အပြုံးဖြင့် ပြောသည် ။

" မင်းက အဲ့ဒါပဲလုပ်ပေးပြီး ကျန်တာကို ငါ့ဆီသာလွှဲထားလိုက် "

အရင်နှစ်တုန်းကတော့ လုလင်းက ဒါတွေလုပ်ဖို့အတွက် ရှောင်ခိုင့်ကို ကလေးတွေခေါ်ခိုင်းခဲ့ပေမယ့် အဆုံးမှာတော့အရွယ်ရောက်ပြီးသားလူတွေကလည်း ကလေးတွေနဲ့ပူးပေါင်းခဲ့ကြသည် ။ ဒီနှစ်မှာတော့ အရွယ်ရောက်ပြီးသားလူတွေက ကလေးတွေနဲ့ပူးပေါင်းဖို့ထပ်ပြီး ဆုံးဖြတ်ပါက ရွာထဲမှာ ခြင်းအကြီးတချို့ကို ငှားရမည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now