chapter -110 -[ကံခေခြင်း]

1.4K 194 0
                                    

chapter -110 -[ကံခေခြင်း]

လုမိသားစုတွင်

အဖွားလုက အိပ်ယာပေါ်‌မှာ လဲလျောင်းနေပြီးချန်း‌ရှောင်မီကိုကျိန်ဆဲနေသည်။

" အဲ့ဒီအယုတ်တမာကောင်က ရွာသားတွေနဲ့ငါ့ကိုလိုက်ဖမ်းခိုင်းတယ် ။ ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး "

ထောင်က အဖွားလုကိုကြည့်ပြီးပြောသည် ။

" အမေ ဒီလိုစော်ကားမှုမျိုးကိုမျိုသိပ်ထားရအောင် ကျွန်မတို့က အခြားဘာလုပ်နိုင်ဦးမှာမို့လို့လဲ "

အဖွားလုရဲ့မျက်လုံးတွေက နီရဲသွားပြီးပြောသည် ။

" ငါသူ့ဆိုင်ကိုနေ့တိုင်းသွားမယ် ချန်းရှောင်မီက ငါ့ကိုနေ့တိုင်းပြန်နှင်ထုတ်နိုင်မှာမို့လို့လား "
ထောင်တွေးလိုက်သည် ။

' ချန်းရှောင်မီက အမျိုးသမီးအိုကြီးကိုပြန်နှင်ထုတ်ဖို့ ငွေတစ်ပြားသုံးခဲ့တာ ။ ဒီအဖွားအိုကြီးသာ နေ့တိုင်းသွားနေရင် ချန်းရှောင်မီ သည်းခံနိုင်မှာမဟုတ်ဘူး ။ နေ့တိုင်းကြီးပြသနာသွားရှာဖို့ကို စိတ်အနှောင့်အယှက်ဖြစ်ပေမယ့်လည်း နည်းလမ်းတစ်ခုရှိနေဆဲပဲလေ။ '

နောက်တစ်နေ့မှာတော့ ထောင်က နွားလှည်းငှားဖို့အခက်တွေ့နေသည် ။

ထောင်က သုန်မှုန်စွာမေးသည်။

" ကျွန်မတို့ကိုနွားလှည်းမငှားပေးတာက ဘာကိုဆိုလိုချင်တာလဲ "

" ဒီနွားက အနားယူဖို့လိုအပ်တယ် ။ နေ့တိုင်းခရီးဝေးထွက်နေရတာက သူ့အတွက်ရက်စက်လွန်းပါတယ် "

ထောင် ဒေါ်လေးကျောင်းကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ပြောလိုက်သည် ။

" ကျွန်မတို့က တစ်ခေါက်လောက်ငှားရုံတင်လေ ဘယ်လိုလုပ်ပြီး ကိစ္စအကြီးကြီးဖြစ်သွားရတာလဲ "

ဒေါ်လေးကျောင်းက ပြုံးကာပြောသည် ။

" ငါတို့နွားလှည်းက မင်းတို့နောက်ဆုံးအကြိမ်ငှားသွားကတည်းက မကျန်းမာနေတာ ။ ငါကအသက်ကြီးနေပါပြီ သမားတော်ဆီသွားပို့ပြီး ကုသစရိတ်ကိုဈေးဆစ်ရတာက ဗျာများလွန်းလို့ ငါမလုပ်နိုင်ဘူး ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now