chapter -85-[အခမဲ့လုပ်သား- corvee]
လုလင်းပြန်လာတဲ့အချိန်မှာ လျှိုကွေ့ရုံနဲ့အခြားရွာသားတွေက ပြန်သွားကြပြီဖြစ်သည် ။
" မင်းစိတ်ခံစားချက်ကောင်းနေတာပဲ "
လုလင်းအိမ်ထဲဝင်လာပြီးမကြာခင်မှာ ချန်းရှောင်မီက သူ့ရှေ့မှာရှိတဲ့ပစ္စည်းခြင်းတွေကိုပြုံးပြီးကြည့်နေတာတွေ့ရသည် ။
ချန်းရှောင်မီခေါင်းညိတ်လိုက်သည် ။
" ဦးလေးလျှိုနဲ့ပင်လယ်ကွေ့ကျေးရွာကရွာသူကြီး ဒီကိုရောက်လာတယ် ။ သူတို့က ဒီခြင်းတွေကိုကျေးဇူးတင်တဲ့လက်ဆောင်အနေနဲ့ပို့ပေးတာ ။ ငါတို့ကိုအရမ်းကျေးဇူးတင်တယ်လို့လဲပြောနေကြတယ် ။ ဒီအထူးပစ္စည်းတွေကို ကြည့်ပါဦး အိမ်ကိုပြန်ပြီးသတိရမိတယ် ။ "
" ဦးလေးလျှိုက ကိုယ်တို့နဲ့ဆို စည်းမျဥ်းစည်းကမ်းတွေကို ဘေးချိတ်ထားနိုင်တယ် ။ သူတို့ရွာသူကြီးလည်း ဒီကိုရောက်လာတယ်လား "
" ပင်လယ်ကွေ့ကျေးရွာကလည်း အရမ်းယဉ်ကျေးလွန်းတယ် ။ သူကငါ့ကိုအရမ်းလေးစားနေတာက ငါ့အတွက်အတွေ့အကြုံသစ်တစ်ခုပဲ ။ ငါတို့ရွာသူကြီးကျောင်းချန်ကတော့ အပြစ်ပဲရှာနေတာ "
လုလင်းပြုံးသည် ။
" တကယ်လား အရမ်းနားထောင်လို့ကောင်းတာပဲ "
လုလင်း ပင်လယ်ကွေ့ကျေးရွာကိုအကြိမ်ရေတချို့ရောက်ပြီးတော့ သူတို့ရဲ့ရွာသူကြီစနဲ့စကားပြောဆိုဖူးသည် ။ သူတို့ရဲ့ရွာသူကြီးကအရမ်းဖော်ရွေတယ်လို့ခံစားရကာ သူလုလင်းကိုစကားပြောဆိုတဲ့အခါတိုင်း ဘယ်တော့မှာ ဆိုက်ကြီးဂိုက်ကြီး မရှိပေ ။
" ဟုတ်တယ် သူတိူ့ကအရမ်းရင်းနှီးတတ်တယ် "
..............
ကန်စွန်းဥရောင်းမကောင်းတဲ့သတင်းက ကျောက်ကြီးရွာမှာပျံ့နှံ့သွားသည် ။ ရွာနှစ်ရွာက ရွာနီးချင်းများမို့ ရွာသားနှစ်ဦးလက်ထပ်ပြီးဆွေမျိုးတော်စပ်သွားကြတဲ့ မိသားစုများစွာရှိသည် ။
ပင်လယ်ကွေ့ရွာမှာ ကန်စွန်းဥတွေပိုလျှံနေကြောင်းကို ကျောက်ကြီးရွာကလူတွေလည်းသိကြသည်။ လူများစွာက စာနာတဲ့အကြောင်းကိုတောင်ပြသခဲ့ကြပေမယ့် မကြာခင်မှာပဲ ပင်လယ်ကွေ့ရွာက ကန်စွန်းဥတွေကျော်ကြားလာကြောင်း သတင်းကောင်းကြားလိုက်ရသည် ။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...