chapter -102-[Yuan Bao Turing One]

2.2K 254 0
                                    

chapter -102-[Yuan Bao Turing One]

နွေဦးအင်ပါယာစာမေးပွဲပြီးနောက် ဘာထူးခြားမှုမှမရှိပဲ နေ့ရက်တွေကုန်ဆုံးသွားသည် ။

ယွမ်ပေါင်က လျင်မြန်စွာကြီးပြင်းလာပြီး ဒီနွေရာသီမှာ ထထိုင်‌နိုင်နေပြီဖြစ်သည် ။ လုလင်းက အခန်းရဲ့ကြမ်းပြင်ပေါ်မှာ ဝါးရွက်တွေချခင်းပေးထားသည် ။ ဒီနည်းလမ်းက ယွမ်ပေါင်တွားသွားတဲ့အခါ မညစ်ပတ်အောင်ဖြစ်သည်။ ဝါးရွက်က အခန်းအပူချိန်ကိုလည်း လျော့ချပေးနိုင်သည် ။

ယွမ်ပေါင်က ပစ္စည်းများကိုသူ့လက်ထဲမှာဆုတ်ကိုင်ထားနိုင်သည့်အပြင် သူကပစ္စည်းတွေကို ကိုင်ပြီးအဝေးလွှတ်ပစ်ရတာကို အလွန်အမင်းသဘောကျသည်။ 

ချန်းရှောင်မိုင်က သူ့တူယွမ်ပေါင့်ကိုချစ်သည် ။ ယွမ်ပေါင်ပစ္စည်းတွေလွှတ်ပစ်လိုက်တဲ့အခေါက်တိုင်း မိုင်က ကူကောက်ပေးပြီး ပစ္စည်းတွေကို သူ့ဆီပြန်ပေးသည် ။ သူတို့နှစ်ယောက်က ထိုအရာကိုအလွန်နှစ်သက်ကြပြီး အချိန်အကြာကြီးကစားနိုင်ကြသည် ။ တကယ်တမ်း ယွမ်ပေါင်က သူ‌စိမ်းတွေနဲ့ဆိုလန့်တတ်တဲ့အရွယ် ရောက်နေပြီဖြစ်ပေမယ့် ဒီကလေးက လူတိုင်းကိုသဘောကျပြီး သူစိမ်းတစ်ယောက်က သူ့ကိုချီရင်တောင် ပြသနာရှာတာ ၊ ငိုတာမျိုး မပြုလုပ်ပေ ။

တကယ်တမ်း ကွာခြားချက်တစ်‌ခုတော့ရှိသည် ။ သူ့မိသားစုက ချီက တခစ်ခစ်ဖြင့် ‌ရယ်မောနေတတ်ပြီး သူစိမ်းကချီရင်တော့ တသီးတသန့်ဖြစ်လာကာ မျက်လုံးလေးမှိတ်ပြီး အိပ်လေ့ရှိသည် ။

မိသားစုထဲကလူတိုင်း ယွမ်ပေါင့်ကို လိမ္မာတဲ့ကလေးလေးတစ်ယောက်လို့ ပြောကြသည် ။ ယွမ်ပေါင်က သူစိမ်းတွေလက်ထဲမှာ ငိုယိုအော်ဟစ်တာမျိုးမရှိတာကြောင့် ခိုးပြီးရောင်းစားခံလိုက်ရမှာကို လုလင်းနည်းနည်းစိုးရိမ်မိသည်။

' လူစိမ်းက သူ့ကိုငါတို့ရဲ့အဝေးကိုခိုးသွားတဲ့အခါ သူသာ အော်ဟစ်ငိုယိုတာမျိုးလို ဘာဆူညံမှုမှမလုပ်ရင် ရှာတွေ့ဖို့ခက်ခဲလိမ့်မယ် '

လုလင်း ထိုဖြစ်နိုင်ခြေကိုတွေးလိုက်မိတိုင်း မျက်မှောက်ကြုတ်မိသွားသည် ။ သို့ပေမယ့် ဒုတိယအကြိမ်တွေးမိတဲ့အခါ ယွမ်ပေါင်က အမြဲတမ်းနတ်သမီးလေးလို ပြုမူနေရင်တောင် သူဗိုက်ဆာရင် မျက်လုံးတွေကငိုကျလာမှာမို့ စိတ်သက်သာရာရစွာ သက်ပြင်းချမိသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now