chapter -83-[ကန်စွန်းဥအသေးလေးများ ]

3.2K 378 3
                                    

chapter -83-[ကန်စွန်းဥအသေးလေးများ ]

အဖွားလုသူတို့ကို ဆူဆဲစော်ကားတဲ့ပထမဆုံးနေ့မှာ အလုပ်သမားတွေက ပြန်ပြီးခုခံကာကွယ်မှုမ‌ပြုလုပ်ခဲ့ပေ ။ ထိုအရာက အဖွားလု သူတို့ကိုကောင်းကောင်းကြီးနှိပ်ကွပ်လို့ရတယ်ဆိုတဲ့အသွင်ကိုဆောင်တာမို့ နောက်နေ့မှာ အဖွားလုက ပို၍ပင်ဆိုးလာသည် ။

အလုပ်သမားတွေက နောက်နေ့ညမိုးချုပ်တဲ့အထိ နှိပ်စက်ညှင်းပန်းမှုတွေကို ကြံ့ကြံ့ခံခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ပေ ။ သူတို့က အဖိုးလုဆီသွားပြီး လွန်ခဲ့တဲ့နှစ်ရက်ကအတွက် လုပ်ခလစာကိုတောင်းကာ အလုပ်ထွက်ချင်နေကြသည် ။

" ဘာဖြစ်နေကြတာလဲ ၊ ဘာလို့ လူတိုင်းအလုပ်ထွက်ချင်နေရတာလဲ။ "

အဖိုးလုက မကြည်မသာဖြင့်ပြောသည် ။

ခေါင်းဆောင်အမျိုးသားက ပြောသည် ။

" အဖိုးလု ကျွန်တော်တို့ဒီကိုလာတာ အလုပ်လုပ်ပြီး ငွေရှာဖို့ပဲ ။ ဒီကို အစော်ကားခံဖို့လာတာမဟုတ်ဘူး ။ အခု ကျွန်တော်တို့ရဲ့ လုပ်အားခကိုပေးပါ ပြီးတာနဲ့ ကျွန်တော်တို့အားလုံး အလုပ်ထွက်တော့မယ် ။ "

အဖိုးလုက ကသိကအောက်ဖြစ်စွာမျက်‌မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှာအနည်းငယ် ထိခိုက်သွားသည် ။ အဖိုးလုက သူတို့တွေဟာငွေအတွက်ပဲအလုပ်လုပ်နေကြတာမို့လို့ သူ့မိန်းမကသူတို့တွေကို တိုက်ရိုက်ကြီးနှိပ်ကွပ်နေကြရင်တောင် ဘာဖြစ်လဲ ဆိုပြီး တိတ်တဆိတ်ထင်မိသည် ။ သခင်တွေက အကူအလုပ်သမားတွေကို ကြိမ်းမောင်းကြတာပုံမှန်ပဲမဟုတ်လား ။ အဖိုးလုက သူ့ကိုယ်သူအထင်ကြီးတဲ့အတွက် အခြားရွာသားတွေကို အမြဲတမ်းနှိမ့်ချပြီးကြည့်တတ်သည် ။

အလုပ်သမားတွေက သူ့ရှေ့မှာတညီတညွတ်တည်းဖြစ်နေတာမို့ အဖိုးလုက သူ့အာဏာကိုစိန်ခေါ်ခံလိုက်ရသလို ခံစားမိတာကြောင့် စိတ်တိုသွားသည်။

အဖွားလုက အလုပ်သမားတွေအလုပ်ထွက်ချင်တဲ့အကြောင်းကိုကြားတဲ့အခါ ပေါက်ကွဲသွားပြီး သူတို့ရဲ့လုပ်အားခအတွက် အဖိုးလုကိုအပူကပ်လိုက်သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now