chapter -104 -[ကြက်ဥတွေက ငါတို့မီးဖိုချောင်မှာဆို အပေါစားပဲ ]

2.3K 270 1
                                    

chapter -104 -[ကြက်ဥတွေက ငါတို့မီးဖိုချောင်မှာဆို အပေါစားပဲ ]

ထောင်က မဖိတ်ထားဘဲ ရောက်လာတဲ့အချိန်မှာ လုလင်းက ဆိုင်စောင့်နေတာဖြစ်ပြီး ယွမ်ပေါင်က လှုပ်မြင်းရုပ်ကိုစီးနေသည်။

လုလင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ဆိုင်မှာ ကလေးအရုပ်များကိုမိတ်ဆက်ထားသည် ။ လှုပ်မြင်းရုပ်က သူတို့ထဲကတစ်ခုဖြစ်သည် ။ လှုပ်မြင်းရုပ်တွေက ကလေးတွေကိုသူတို့ရဲ့ရွေ့လျားနိုင်စွမ်းကိုမြင့်တင်ပေးပြီး လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့အားပေးတဲ့ ပျော်ရွှင်စရာနဲ့ အသိပညာ‌တိုးစေတဲ့အရုပ်ဖြစ်သည် ။

လုလင်း လွန်ခဲ့တဲ့နှစ်တွေက ကစားစရာတချို့ကို ထုတ်လုပ်ခဲ့ပြီး မကြာခဏဆိုသလို ထိုလူတွေက ထွက်ပေါ်လာတဲ့အရုပ်တွေကို ဘယ်လိုကစားရမှန်းမသိကြပေ ။ သဘာဝကျစွာပင် ယွမ်ပေါင်က သံတမန်ဖြစ်လာသည် ။ သူက ဆိုင်မှာထိုင်ပြီးဝယ်သူတွေကို 'သရုပ်ပြပေး' သည် ။

ယွမ်ပေါင်က ပြီးပြည့်စုံတဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်သည် ။ ကလေးများစွာက ယွမ်ပေါင်အရုပ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတာကို မြင်တဲ့အခါ သူတို့မိဘတွေကို ပူဆာကြသည် ။

မိုလ်ဘိုင်းဖုန်းနဲ့ တက်ဘလက် တွေလွှမ်းမိုးထားတဲ့ခေတ်သစ်မှာဆိုရင် လှုပ်မြင်းရုပ်တစ်ရုပ်က ကလေးတွေကို အရူးအမူးဖြစ်သွားစေမှာမဟုတ်ပေ ။ သို့သော် ဖျော်ဖြေမှုရှားပါးတဲ့ ဒီခေတ်ကာလမှာ လှုပ်မြင်းရုပ်က ကလေးတွေရဲ့နှလုံးသားကို အောင်မြင်စွာသိမ်းပိုက်နိုင်သည် ။ ချမ်းသာတဲ့မိသားစုတွေမှာဆို မိသားစုထဲက ကလေးတွေအတွက် လှုပ်မြင်းရုပ်ကိုပိုပြီးတောင်ဝယ်ဖို့ ဆန္ဒရှိကြသည် ။

ချန်းရှောင်မိုင်က ယွမ်ပေါင့်ထက် အရုပ်တွေနဲ့ပတ်သတ်ပြီး ပိုပြီးစိတ်လှုပ်ရှားသည်။

မိုင်က အရုပ်မျိုးစုံကို အလွန်စိတ်ဝင်စားကာ အထူးသဖြင့် ကလေးရုပ်တွေကိုပင် ။ မိုင်က ယွမ်ပေါင့်ရဲ့အရုပ်တွေကိုချစ်သည် ။ လုလင်းက အရုပ်အမျိုးအစားမျိုးစုံကို စမ်းသပ်ထုတ်လုပ်ပြီး ယွမ်ပေါင့်ရဲ့အခန်းထဲမှာ စုပုံထားသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now