chapter -109 -[ဒီနေရာကို ရွာသူကြီးရောက်လာပြီ]
ကျောင်းလင်းရှိန်က ဒုက္ခရောက်နေတဲ့ မျက်နှာနှင့် ကျောင်းတာ့ဟူကိုကြည့်သည် ။
" တာ့ဟူ မင်းနဲ့ရွာသားတချို့က အဖွားလုကိုထိန်းပြီး နွားလှည်းပေါ်တက်ဖို့ ဖိအားပေးခဲ့တယ်ဆို "
ကျောင်းတာ့ဟူက ခေါင်းညိတ်ပြီး ဘဝင်ခိုက်စွာပြောသည် ။
" ဟုတ်တယ် "
ချင်းလန်ဆီကနေ ဆင့် ၂၀၀ ရခဲ့တဲ့ ခံစားချက်ကို သတိမရပဲမနေနိုင်ပေ ။
' ဒါက အံ့ဩစရာကောင်းတဲ့သဘောပဲ ဒီလိုလုပ်လိုက်တာနဲ့တင် ဆင့် ၂၀၀ ရလာတယ်။ '
ချန်းရှောင်မီက စီနိုစီးပွားရေးအိမ်ရဲ့သူဌေးဆိုတာ အံ့ဩစရာမဟုတ်တော့ပါဘူး ။ သူကအရမ်းရက်ရောတာပဲ ။
ဒီငွေတွေရဖို့က လွယ်လွန်းတယ် ။ အဖွားလု မြို့ကို တစ်လကိုအကြိမ်တချို့သွားမယ်ဆိုရင် အဲ့ဒီကနေ သူကသင့်တင့်တဲ့ပမာဏကိုရအောင်လုပ်နိုင်တယ် ။ အဖွားလု နောက်ထပ်ပြသနာသွားရှာပါစေလို့ သူဆုတောင်းတယ် ။
ကျောင်းလင်းရှိန်က သက်ပြင်းချပြီးပြောသည် ။
" အဖွားလုက မငယ်တော့ဘူး ။ မင်းသူ့ကိုကိုင်တွယ်တဲ့အခါ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "
ကျောင်းတာ့ဟူ မျက်နှာရှည်တစ်ခုဆွဲလိုက်သည် ။
" အဖေ ကျွန်တော်က ငတုံးမဟုတ်ဘူး ။ ကျွန်တော်တစ်ယောက်တည်းသာဆို မလုပ်ဖူး ။ ကျွန်တော်တို့ သူ့ကိုကိုင်တွယ်တဲ့အချိန်မှာ ကျွန်တော်တို့ထဲကတချို့နဲ့ အတူတူလုပ်ကြတာပါ ။ ကျွန်တော်တို့ထဲက တချို့က သူ့ရဲ့ခြေထောက်ကိုဆွဲပြီး တချို့ကတော့ သူရဲ့လက်ကိုဆွဲတယ် စိတ်မပူပါနဲ့ အဖေ ကျွန်တော်တို့ဘာလုပ်နေလဲဆိုတာကို ကျွန်တော်တို့သိပါတယ် ။ လေးလေးနက်နက်မှတ်ချက်ပေးရမယ်ဆို အဖေ အဲ့ဒီအဖွားလုကလေ ကျန်းမာပြီးသန်စွမ်းတယ် ။ တစ်ယောက်ယောက်က သူ့ကို ထိခိုက်အောင်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး ။ "
ကျောင်းလင်းရှိန်က ကျောင်းတာ့ဟူကို စိုက်ကြည့်လိုက်သည် ။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...