chapter -79-[တိရစ္ဆာန်ရုပ်များ ]

3.4K 425 6
                                    

chapter -79-[တိရစ္ဆာန်ရုပ်များ ]

လုလင်းက စားပွဲကိုလက်ချောင်းလေးတွေနဲ့ငြင်သာစွာတီးခေါက်နေသည် ။

" ကိုယ်တို့ ဆောင်းတွင်းလက်အိတ်တွေကိုသိုလှောင်ထားပြီး အအေးလှိုင်းထတဲ့အခါကျရင် အဲ့ဒါတွေကိုထုတ်ရောင်းလို့ရတယ်။  "

သို့သော် သူတို့မနှစ်က လက်အိတ်များကိုရောင်းချပြီးပြီဖြစ်သည် ။ ဒီ‌နှစ်မှာရောင်းချမယ့်ပမာဏကိုကန့်သတ်ထားတာကြောင့် အခြားတစ်ခုခုကိုရောင်းချရန်စဉ်းစားရမည် ။

" မင်းပြောဖူးတဲ့ လည်စည်းပုဝါ လုပ်ငန်းရောဘယ်လိုလဲ "

" အဲ့ဒါက အတွေးတစ်ခုပါပဲ "

ဒီခေတ်ကာလမှာ အဝတ်အစားဖိုးတောင်မတတ်နိုင်တဲ့သူတွေရှိသည်။ လည်စည်းပုဝါစီးပွားရေးက နည်းနည်းလေးပကာသနဆန်ပေမယ့် ငွေကိုရေလိုသုံးဖြုန်းနိုင်တဲ့သူဌေးတွေလည်း ရှိနေတုန်းပင် ။

ချန်းရှောင်မီ လုလင်းကို တစ်ချက်ကြည့်ပြီးမေးလိုက်သည် ။

" အခု ငါတို့မှာစုဆောင်းငွေ ဘယ်လောက်ရှိသေးလဲ "

" ငွေပြား ၃၀၀ ဝန်းကျင်လောက်ရှိ‌တယ် ။ "

ချန်းရှောင်မီ ခေါင်းညိတ်လိုက်သည် ။

" အတော်များသားပဲ "

" အဲ့ဒါအမှန်ပဲ ကိုယ်တို့ကောင်းကောင်းအလုပ်လုပ်လို့ရတယ် ။ ပြီးတော့ ဒီနှစ်က အစေ့အစံတွေအလျှံပယ်ရိတ်သိမ်းနိုင်မယ်ထင်တယ် ဒါဆို ဈေးသက်သာလိမ့်မယ် ။ ကိုယ်တို့ အစားအစာတွေတစ်သုတ်လောက် သိုလှောင်ထားနိုင်တယ် ။ "

ချန်းရှောင်မီ ထောက်ခံလိုက်သည် ။

" အဲ့ဒါကောင်းတယ် "

ချန်းရှောင်မီက သူတို့တောင်ပေါ်ကိုသွားနိုင်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ဉ် သို့မဟုတ် ခက်ခဲတဲ့နှစ်တွေအတွက် အစားအစာတွေအများကြီးကိုသိုလှောင်ဖို့ ဂူတချို့တူးဖော်ထားနိုင်တယ်လို့တွေးမိသည် ။ လုလင်းရဲ့ကုန်စုံဆိုင်နဲ့ တောင်ပေါ်ကလျှို့ဝှက်ဂူထဲကို စားစရာတွေပြောင်းရွေ့ဖို့အတွက်မခက်ခဲပေ။  ခက်ခဲတဲ့နှစ်တွေမှာဆို စားစရာရဲ့တန်ဖိုးက အဆပေါင်းများစွာ ဈေးတွေတက်သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now