chapter -89-[နောက်တစ်ကြိမ်ကျရှုံးခြင်း]
နွေဦးရောက်လာတဲ့အခါ လူတွေက ထပ်မံအလုပ်ရှုပ်လာကြသည်။
လယ်သမားတွေက အိမ်မွေးတိရစ္ဆာန်တွေနဲ့ကောက်ပဲသီးနှံတွေပြုစုစောင့်ရှောက်ရင်း အလုပ်များနေစဉ်မှာ ကျောင်းသားတွေကစာမေးပွဲအတွက်ပြင်ဆင်ရင်းအလုပ်များနေသည် ။
ထောင်က အချက်အလက်တွေအတွက် လီဖုန်းယွီကိုအဆက်မပြတ် အနှောင့်အယှက်ပေးနေသည်။ လီဖုန်းယွီက ဘာကိုမှအာမ မခံရဲတဲ့အတွက် ပြသနာတွေကိုရှောင်ဖယ်ပြီးဝေးဝေးမှာသာနေသည်။
သူတို့က ငွေရေးကြေးရေးမှာရုန်းကန်နေရတာကြောင့် လုချောင်ယုက ရှုခိုင်ရာထူးရကြောင်း ရွာသားတွေကိုပြသနိုင်ဖို့အတွက် ထောင် အပြင်းအထန်မျှော်လင့်နေသည်။
လီဖုန်းယွီက ထောင့်ကို သူမနဲ့သူမမိသားစုရဲ့ လုပ်နိုင်စွမ်းကို ကျော်လွန်ပြီး ဘာကိုမှကတိမပေးရဲပေ။ လတ်တလောမှာ အတွင်းရေးမှူးချုပ်က အခြားကိုယ်လုပ်တော်တစ်ဦးကိုခေါ်ဆောင်ထားပြီး သူတို့အချင်းချင်းရင်းနှီးကျွမ်းဝင်နေတဲ့အခြေအနေမှာဖြစ်သည်။ သူ့ရဲ့အစ်မကိုအတွင်းရေးမှူးချုပ်က နှစ်သက်မှုမရှိတော့တဲ့အပြင် ကိုယ်လုပ်တော်အသစ်က ပြင်းပြင်းထန်ထန်အနှောင့်အယှက်ပေးနေသည် ။ သူ့အစ်မကိုကူညီပေးနိုင်တဲ့အခြေအနေမှာမရှိတာကြောင့် သူတော်တော်စိတ်မကောင်းဖြစ်နေရသည် ။
စာမေးပွဲနီးနေပြီဖြစ်သည် ။ ထောင်က ကတိကိုလိုချင်တာပေမယ့် လီဖုန်းယွီရဲ့မရေမရာအခြေအနေကြောင့် စိတ်ပျက်သွားသည်။ သူ လီဖုန်းယွီနဲ့စပြီး ရန်ဖြစ်စကားများတော့သည် ။ ထောင်က လီဖုန်းယွီကို သူ့အစ်မကကိုယ်လုပ်တော်တစ်ယောက်ပဲလားလို့မေးသည် ။
လီဖုန်းယွီအဲ့ဒါလို ဘယ်လိုလုပ်ဝန်ခံနိုင်မလဲ ။ သူကထိုမေးခွန်းကိုရှောင်ပြီး သူ့အစ်မနဲ့အတွင်းရေးမှူးချုပ်က အရမ်းချစ်တယ်လို့သာ ဆက်လက်ပြောသည်။ အတွင်းရေးမှူးချုပ်က သူ့အစ်မ သားယောက်ျားလေးတစ်ယောက်မွေးပေးပြီးတာနဲ့ ဇနီးသည်အဖြစ်လက်ထပ်ယူမည်ဟု ကတိပေးထားသည်။
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...