~နွေဦးပြန်လည်ရောက်ရှိခြင်း~
လေတိုက်နေတာကြောင့် လုလင်းသူ့အနားမှာရှိတဲ့ အနွေးထည်ဝတ်ထားရသည် ။
မြို့ပေါ်ရောက်ရန် နီးလာတဲ့အခါ သူ့စတိုးဆိုင်ထဲမှာ ထည့်ထားတဲ့ကန်စွန်းဥဝိုင်တွေကို လှည်းထဲ ပြောင်းထည့်ဖို့ စလုပ်ရတော့သည်။ ချန်းရှောင်မီလည်း လှည်းထဲမှာ အိုးတွေနေရာဆန့်ရန် တိုးကပ်နေရသည် ။
မန်နေဂျာ ဝမ်က ကန်စွန်းဥဝိုင်တွေကို သဘောကျပေမယ့် တစ်အိုးကို သုံးရာဆင့်ဖြင့် ဈေးနည်းနည်းသာ ပေးသည် ။
လုလင်းစဉ်းစားလိုက်ကာ ဘီယာထက်ဈေးနှုန်းနည်းမယ့်အကြောင်း သိထားတာကြောင့် သဘောတူပြီး ခေါင်းငြိမ့်လိုက်သည် ။
မန်နေဂျာက ကန်စွန်းဥဝိုင် အိုး ၃၀နဲ့ ဘီယာ ၁၀ အိုးအတွက် ငွေ ၁၇ ပြား ပေးသည် ။
ချန်းရှောင်မီ လုလင်းသူ့ကို ငွေကိုင်ခိုင်းတဲ့အချိန် ကြည်နူးမိသွားသည်။ ငွေတွေကို လက်ခုပ်ထဲထည့်ကာ စတင်စိတ်လှုပ်ရှားလာသည် ။ လုလင်းနဲ့ သူမဆုံခင်တုန်းက ငွေရဖို့က သူ့အတွက် အရေးကြီးတဲ့တာဝန်တစ်ခုပင် ။ သို့သော် ယခုတော့ သူတို့အသက်ကို စွန့်စားဖို့မလိုဘဲ ငွေကိုလွယ်လွယ်ကူကူ ရနိုင်မှန်း သိခဲ့ရသည် ။
ချန်းရှောင်မီ သူတို့ငွေစရှာခဲ့တဲ့အချိန်တုန်းက ညဘက် အိပ်လို့တောင်မရခဲ့ပေမယ့် အခုဒီလိုဖြစ်ရပ်မျိုးတွေ ရင်းနှီးလာတာကြောင့် ပိုတောင်အိပ်လို့ကောင်းလာသည် ။
သူတို့ စားသောက်ဆိုင်က ထွက်လာပြီးနောက် ချန်းရှောင်မီ ပိတ်စတချို့ကိုဝယ်လိုက်သည် ။ ပြီးတော့ ချန်းရှောင်မီက လုလင်းလို အရက်တချို့ရောင်းပြီးတဲ့အချိန်တိုင်း ဈေးဝယ်ထွက်ရတာနှစ်သက်လာမှန်း သဘောပေါက်သွားခဲ့သည် ။
" နောက်တစ်ခါ အထည်တွေဝယ်မိရင် ငါကိုတားပေးပါ ။ အထည်က အဓိက လိုအပ်နေတာမျုးမဟုတ်ဘူး ။ "
ချန်းရှောင်မီ အရမ်းနောင်တရနေသည် ။ လုလင်းက ရယ်မြူးကာ -
" ဘာကြောင့်လဲ ။ ကိုယ်တို့ အဝတ်အစားချုပ်ဖို့ ပိတ်စတွေလိုတာပဲလေ ။ "
![](https://img.wattpad.com/cover/333345783-288-k144746.jpg)
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...